Skip to main content

Posts

Showing posts from November, 2020

ဂရိဒဏ္ဏာရီထဲက သတ္တဝါကြီးများ

  The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...

ဂရိဒဏ္ဏာရီထဲက သတ္တဝါကြီးများ

  The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...

လေယာဉ်စီးရင်း ရုတ်တရက် ရင်သားပေါက်ကွဲခဲ့ရသူ

 ဆန်ဒီရေဂို ကယ်လီဖိုးနီးယားက connie ဆိုသူ အဖော်အချွတ်အကမယ်တစ်ဦးဟာ တစ်ရက်မှာ ရင်သားအစားထိုးခွဲစိတ်မှုတစ်ခုကိုခံယူခဲ့ပါတယ်။ သူမဟာ အင်တာနက်ပေါ်က ကြော်ညာတစ်ခုကနေတဆင့် လိုင်စင်မဲ့ဆေးခန်းတစ်ခုမှာ အပေါ်ဆုံးစျေးနဲ့ သူမရင်သားကို အစားထိုးခွဲစိတ်ခဲ့တာပါ။  အပေါစားဆိုတဲ့အတိုင်း သူမရင်သားထဲကိုထည့်ပေးခဲ့တဲ့ ဆီလီကွန်ဟာလည်း ရေဘောလုံးသာသာ အရည်အသွေးသာရှိတဲ့ အပေါစားပစ္စည်းပဲပေါ့။ ခွဲစိတ်ပြီး နှစ်ပတ်အကြာမှာတော့ လက်ဗေးဂက်စ်က နိုက်ကလပ်တစ်ခုမှာ က ဖို့ငှါးရမ်းသူရှိတဲ့အတွက် လက်ဗေးဂက်စ်ကို လေယာဉ်နဲ့ခရီးထွက်ခဲ့ပါတယ်။ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ connie မှာရင်ဘတ်တွေအောင့်လာခဲ့တယ်။  အကြောင်းအရင်းကတော့ လေယာဉ် အမြင့်ကိုရောက်လာတဲ့အခါ လေဖိအားကျလာပြီး သူမရင်သားထဲက ဆီလီကွန်အပေါစားရဲ့ အရည်ထဲက ဂတ်စ်တွေဟာ expand ဖြစ်ပြီး ရင်သားဟာအဆမတန်ကြီးထွားလာတာပါ။ နောက်ဆုံးမှာတော့ သူမရင်သားတွေဟာပေါက်ကွဲထွက်သွားပြီ သူမလည်း လေယာဉ်ပေါ်မှာပဲ သေဆုံးခဲ့ပါတယ်။

လိင်တူစိတ်ဝင်စားသူတွေနဲ့ စမ်းသပ်ခဲ့တဲ့ The Aversion Project

 The Aversion Project ၁၉၇၁ ခုနစ်က တောင်အာဖရိကနိင်ငံ မှ Dr. Aubery Levin ဆိုသူဟာ Aversion Project ဆိုတဲ့စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။  တောင်အာဖရိကစစ်တပ်ထဲမှ လိင်တူစိတ်ဝင်စားသူတွေကို လျှက်စစ်ရှော့တိုက်ခြင်း ဆေးထိုးခြင်း ခွဲစိတ်ကုသခြင်း အပြင် အခြားသော နည်းတွေနဲ့ လိင်တူစိတ်ဝင်စားတဲ့ စိတ်ကိုဖြောက်ဖို့ကုသခဲ့ကြတာပါ။  . များသောအားဖြင့် အစမ်းသပ်ခံရတဲ့သူတွေဟာ ဆန္ဒမပါပဲ စစ်တပ်ထဲကို အတင်းဝင်ခိုင်းခံခဲ့ရသူတွေများပါတယ်။ သူတို့ကို Voortrekkerhoogte စစ်ဆေးရုံမှာ ရက်စက်တဲ့ နည်းပေါင်းများစွားနဲ့ စမ်းသပ်ခဲ့ပါတယ်။

မိမိကိုယ်ကို သေမယ့်အချိန်ကို ကြိုဟောခဲ့တဲ့ BOB

 ဂန္ဒဝင် Reggae အဆိုတော် နဲ့ သီချင်းရေးသူ တစ်ဦးဖြစ်တဲ့ Bob Marley ဟာ သီချင်းရေးစပ်သီဆိုခြင်းအပြင် သူ့မှာတခြား ထူးခြားတဲ့ ပါရီမီတစ်ခုလည်းရှိပါသေးတယ်။  အဲဒါကတော့ လက္ခဏာကြည့်ခြင်းနဲ့ ရှေ့ဖြစ်ဟောခြင်း အတတ်ပါပဲ။ သူဟာ jamaica မှာနေစဉ် ငယ်စဉ်ကတည်းက လူတွေကို မကြာခဏ လက္ခဏာကြည့် ရှေ့ဖြစ်ဟောပေးလေ့ရှိပါတယ်။  သူ့ရဲ့အရင်းနှီဆုံးမိတ်ဆွေများရဲ့အဆိုအရ Bobက သူဟာ အသက် 36 နှစ်အရွယ်မှာ သေဆုံးမှာဖြစ်ကြောင်းသူငယ်ချင်းတွေကိုပြောခဲ့ဖူးပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ Bob Marley ဟာ အသက် ၃၆ မှာ ဘောလုံးကန်ရင်း ရခဲ့တဲ့ ခြေထောက်က အနာမှတဆင့် အရည်ပြာကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့ malignant melanoma ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။

အာကာသအတွင်းမှာ နုကလီးယားဗုံးခွဲ စမ်းသပ်လိုက်တဲ့ အခါ

 Starfish prime အ​မေရိကန်​နိုင်​ငံ က အာကာသအတွင်း နူကလီးယားဗုံး​ဖောက်​ခွဲစမ်းသပ်​မှု ငါးကြိမ်​ပြုလုပ်​ခဲ့ပြီး Starfish Prime ဟာလည်း တစ်​ခုအပါဝင်​ဖြစ်​ပါတယ်​။  Starfish Prime နူကလီယားဗုံး ​ဖောက်​ခွဲစမ်​းသပ်​မှုကို ၁၉၆၁ ခုနှစ်​က ပစ္စိဖိတ်​သမုဒ္ဒရာအ​ပေါ် ပင်​လယ်​​ရေမျက်​နှာပြင်​အထက်​ မိုင်​ ၂၅၀ မှာပြုလုပ်​ခဲ့ပါတယ်​။ ​ပေါက်​ကွဲမှုဟာပြင်​းအားဟာ TNT ယမ်း ၁.၄ မက်​ဂါတန်​ နဲ့ ညီမျှပြီး လူလုပ်​တဲ့ အာကာသတွင်း​ဖောက်​ခွဲမှု​တွေထဲက အင်​အားအပြင်းဆုံး​ပေါက်​ကွဲမှုတစ်​ခုလည်းဖြစ်​ပါတယ်​။ အဲဒီ​ပေါက်​ကွဲမှုကြီး​ကြောင်​့ ထင်​ထားတာထက်​ တွက်​ချက်​ထားတာထက်​ပိုကြီးမားတဲ့ EMP ( electromagnetic pulse ) ထွက်​​ပေါ်ခဲ့ပြီး 1445 ကီလိုမီတာ အကွာဟာဝါရီကျွန်းက လမ်းမီးတိုင်​ မီးလုံး​များ၊ ဖုန်​းလိုင်​းများ ထိခိုက်​ပျက်​စီးခဲ့ပြီး လုံးခြုံ​ရေး alarm ​တွေအကုန်​ထမြည်​ကုန်​ပါတယ်​။  အဲဒါထက်​ပိုဆိုးတာက နေကလာတဲ့ Solar wind ​တွေ အာကာသထဲက radiation လှိုင်​း​​တွေကို ကမ္ဘာ​ပေါ်မကျ​ရောက်​​အောင်​ အကာအကွယ်​​ပေး​နေတဲ့ ကမ္ဘာသံလိုက်​စက်​ကွင်းအ​ပေါ်မှာလည်​း ထိခိုက်​မှု​တွေရှိခဲ့ပါတယ်​။ ဒါ့အပြင်​ ဗုံးကထွက်​လာတဲ့ High-energy...

လုံး၀မစမ်းသပ်သင့်တဲ့ ကစားနည်း

  Daruma-san ဆိုတာ တစ်ခါက ရေချိုးခန်းထဲမှာ ချော်လဲပြီး သေဆုံးခဲ့တဲ့ ဂျပန်မလေးရဲ့နာမည်ဖြစ်ပါတယ်။ ဒီကစားနည်းကို ကစားပုံကတော့။ ၁ ယောက်ထဲ ညဖက် သန်ခေါင်းမရောက်ခင်အချိန် ရေချိုးတဲ့ bathtub ထဲကို ရေအေးဖြည့်ပြီးဝင်စိမ်ပါ။ မီးလုံးဝပိတ်ထားရပါမယ်။ အဲဒီနောက် မျက်စိမှိတ် ခေါင်းလျှော်ရင်း daruma-san fell down, daruma-san fell down ဆိုပြီး ခေါင်းလျှော်ပြီးတဲ့အထိ မျက်စိမှိတ်ပြီးရွတ်ပါ။ သင်လုပ်တဲ့နည်းမှန်ခဲ့ရင် မျက်စိထဲမှာ မိန်းကလေးတစ်ဦး ရေချိးခန်းထဲမှာချော်လဲပြီး ရေပိုက်ခေါင်းနဲ့ရိုက်မိကာ မျက်စိထွက်ပြိီးသေသွားတာကို မြင်ယောင်လာပါလိမ့်မယ်။ အဲဒီအချိန် သင့်ရဲ့ပခုံးပေါ်ကို ခေါင်းအေးအေးကြီးတစ်ခုကမှီထားသလို အနောက်ဖက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားလာရပါမယ်။  ဘေးနားမှာ အသံတွေကြားလာရပါလိမ့်မယ်။ လုံးဝမျက်လုံးမဖွင့်ပဲ နင်ဘာလို့ချော်လဲတာလဲလို့မေးပါ။ အဲဒီနောက်သတိထားပြီးဖြည်းဖြည်းချင်းထပါ။ daruma က သင့်ကိုချော်လဲပြီး သေအောင်လုပ်တတ်လို့ဖြစ်ပါတယ်။ အခန်းအပြင်ကိုရောက်တဲ့အခါ ရေချိုးခန်းတခါးကိုပြန်ပိတ်ပါ။ မျက်လုံးပြန်ဖွင့်လို့ရပါပြီ။ bathtub ထဲကရေကို ဖောက်မချခဲ့ပါနဲ့ ရေချိုးခန်းတံခါးကို လုံးဝမဖွင့်ပါနဲ့ မီးလုံးဝ...

အင်္ဂလန်ဘုရင်မကြီးအတွက် မင်းတုန်းမင်းရဲ့ လက်ဆောင်တော်

တစ်ပြည်တစ်ခုနဲ့တစ်ခု ချစ်ကြည်ရေးတည်ဆောက်ရန်အတွက် သံခင်တမံခင်းအရ လက်ဆောင်ပဏာ ပေးအပ်ခြင်းဟာလည်း အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်.  ၁၈၆၀ ခုနှစ်က အင်္ဂလန်ဘုရင်မကြီးထံကို မြန်မာဘုရင် မင်းတုန်းမင်းကြီးက လက်ဆောင်ပဏာ တစ်ခုပေးပို့ခဲ့ဖူးပါတယ်.. . . . အဲ့ဒီလက်ဆောင်ကတော့ ရွှေသားအတိနဲ့ပြုလုပ်ထားတဲ့ ထွေးခံတစ်လုံးပါ . အင်္ဂလန်ဘုရင်မကြီးကလည်း အဲဒီလက်ဆောင်အင်မတန်သဘောကျပါသတဲ့ အဲဒါကြောင့်ဘုရင်မကြီးဟာ လက်ဆောင်ရရခြင်းပဲ မင်းတုန်းမင်းကြီးထံ ​အောက်ပါတအတိုင်း စာပြန်လိုက်ပါတယ်... . " မြန်မာဘုရင်ပေးအပ်သော ရွှေပန်းအိုးကို ကောင်းစွာလက်ခံရရှိပါသဖြင့် ကျေးဇူးတင်လှပါသည်။" ref: ကုန်ဘောင်ရှာပုံတော် - ညို မြ

Dancing Plague

ကခုန်ခြင်းက လူတွေကိုသေစေလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ ၁၅၁၈ ခုနှစ်က ဂျာမနီ ပြင်သစ် နယ်စပ်က Strasbourg ဆိုတဲ့မြို့လေးမှာ လူပေါင်းများစွာစုပေါင်းကခုန်ရင်း သေပွဲဝင်ခဲ့ရတဲ့ အြဖစ်အပျက်တစ်ခြုဖစ်ပွားခဲ့ပါတယ်။ ဘာအထိမ်းအမှတ်ပွဲတော်မှ မယ်မယ်ရရမရှိပါပဲ သေလောက်အောင် လူတွေဘာကြောင့် ကခုန်ခဲ့ရလဲဆိုတာတော့ ယနေတိုင် ဘယ်သူမှတိတိကျကျအဖြေမပေးနိုင်တဲ့ ပုစ္ဆာ တစ်ခုဖြစ်လို့နေပါသေးတယ်.. တချို့မှတ်တမ်းတွေမှာတော့ Strasbourg ရဲ့ လမ်းမတစ်နေရာမှာ အမျိုးသမီးတစ်ဦး စတင် ကခုန်ရာက လူတွေပူးပေါင်းလာပြီး ကပွဲကြီးတစ်ခုဖြစ်လာတာလို့ဆိုပါတယ်။ ကပွဲကြီးဟာ လနဲ့ချီကြာမြင့်ခဲ့ပြီးလူအယောက်လေးရာကျော်လောက်ပါဝင်ကခုန်ခဲ့ကြပါတယ်။ အြပင်းအထန်ကခုန်ကြကာ နောက်ဆုံးမှာ ပါဝင်ကခုန်ကြသူအများစုဟာ အမောဖောက်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်း၊ လူအနင်းခံရခြင်းစတာတွေနဲ့သေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ ဘာကြောင့်လူတွေ ဒီလောက်အထိသေလောက်အောင် ကခုန်ခဲ့ကြသလဲဆိုတာကတော့ ယနေ့တိုင်ဖြေရှင်းမရသေးတဲ့ ပုစ္ဆာ တစ်ခုဖြစ်လို့နေပါတော့တယ်........

Titanic သင်္ဘောကြီး နှင့် ထူးဆန်းသော ဝတ္ထုစာအုပ်

စာရေးဆရာ Morgan Robertson က ၁၈၉၈ ခုနှစ်က Futility, or the Wreck of the Titan ဆိုတဲ့ဝတ္ထုကိုရေးခဲ့ပါတယ်။ . ဇာတ်လမ်းကတော့ Titan ဆိုတဲ့ သင်္ဘောကြီး ဟာသူ့ရဲ့ပထမဆုံးခရီးစဉ် Maiden Voyage မှာနစ်တဲ့အကြောင်းပါ။ . အဲဒီစာအုပ်ထွက်ပြီး ၁၄ နှစ်အကြာမှာ သူ့ဇာတ်လမ်းထဲက Titan ဆိုတဲ့နာမည်နဲ့ ခပ်ဆင်ဆင် ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်ပါတယ်။ . Titanic ဟာလည်း ဇာတ်လမ်းထဲကလို့ပဲ သူရဲ့ပထမဆုံးခရီးစဉ် Maiden Voyage မှာနစ်မြုပ်ခဲ့ပါတယ်။ . ဝတ္ထုဇာတ်လမ်းထဲမှာလည်း Titan ကို မနစ်နိုင်တဲ့ သင်္ဘောကြီးလို့ခေါ်တယ်ဆိုပြီး ပါသလို အပြင်က Titanic သင်္ဘောကြီးကိုလည်း အဲဒီအချိန်က သတင်းစာတွေမှာ unsinkable မနစ်မြုပ်နိုင်တဲ့ သင်္ဘောကြီးလိုတင်စားခဲ့ကြပါတယ်။ . ဇာတ်လမ်းထဲက Titan သင်္ဘောဟာ ဗြိတိသျှကုမ္မဏီပိုင် ဖြစ်ပြီး ပေ ၈၀၀ ခန့် ရှည်တဲ့ သင်္ဘောဖြစ်ပါတယ်။ အပြင်က Titanic သင်္ဘောဟာလည်း ဗြိတိသျှကုမ္မဏီပိုင် သင်္ဘောဖြစ်ပြီး ပေ ၈၀၀ ခန့်ရှည်ပါတယ်။ . ဇာတ်လမ်းထဲက Titan ဟာ ရေခဲတုံးကြီးကိုတိုက်မိပြီး နစ်တာဖြစ်သလို အပြင်က Titanic ဟာလည်း ရေခဲတုံးကြီးကို တိုက်မိပြီးနစ်တာပါပဲ။ . ဇာတ်လမ်းထဲက Titan ဟာ ဧပြီလညတစ်ညမှာ newfoundland နဲ့ မိုင်လေးရ...

လူသားစားတဲ့ Tamara Samsonova

  အသက်​ ၆၀ ​ကျော်​အဖွားအိုတစ်​ဦးဟာ လူ​ပေါင်​း ၁၀ ​ယောက်​​ကျော်​ကိုသတ်​ခဲ့တယ်​ဆိုတာ တကယ်​မယုံနှိုင်​စရာပါ။ အဲဒီထက်​ ပိုပြီး အံသြထိတ်​လိန်​့ဖွယ်​​ကောင်​းတာက​တော့ သူမဟာ သတ်​ခဲ့တဲ့လူ​တွေရဲ့အသားကို ချက်​ပြုတ်​စား​သောက်​​သေးတယ်​ဆိုတာပါပဲ..... . Tamara Samsonova ကို ၂၀၁၅ ခုနှစ်​ သူမအသက်​ ၆၈ နှစ်​ အရွယ်​မှာ St Peterburg က လူသတ်​မှုတစ်​ခုနဲ့ သံသယရှိသူအဖြစ်​ ရှရှားရဲကဖမ်​းစီးခဲ့ပါတယ်​။ အဲဒီ​နောက်​သူအိမ်​ကိုစစ်​​ဆေးတဲ့ အခါ သူ့ရဲ့ဒိုင်​ယာရီထဲ အခြားလူသတ်​မှု​တွေကိုပါ ​ဖော်​ထုတ်​နှိုင်​ခဲ့ပါတယ်​။ ဒီ နှစ်​ ၂၀ အတွင်​း လူ​ပေါင်​း ၁၁ ​ယောက်​ကိုသတ်​ခဲ့တယ်​လို့ ဝန်​ခံခဲ့ပါတယ်​။ ဒီထက်​လည်​းပိုနှိုင်​တယ်​။ သူမဟာ သတ်​မယ်​့သူ​တွေကို ​ဆေးခတ်​ပြီးသတ်​တာပါ။ အဲဒီ​နောက်​ အ​လောင်​း​တွေကို ဖြတ်​​တောက်​ပြီး ချက်​ပြုတ်​စားတယ်​။ တချို့ကိုလည်​း ပလက်​စတစ်​အိတ်​နဲ့ထုတ်​ပြီး လွှတ်​ပစ်​ပါသတဲ့။ သူမရဲ့​ယောက်​ကျားဟာလည်​း အဲဒီအသတ်​ခံရသူ​တွေထဲမှာတစ်​ဦးအပါအဝင်​ဖြစ်​ပါတယ်

ဥက္ကာခဲမှန်ပေမယ့် အသက်ရှင်ခဲ့သူ

1954 ခုနှစ်က အမေရိကန်နိုင်ငံ Albama မှာ Ann Hodges ဆိုသူအမျိုးသမီးဟာ နေ့လည်နေ့ခင် အိမ်ထဲမှာ အိပ်နေတုန်း ဥက္ကာခဲတင်ပါးကို ရှပ်ပြီးထိမှန်ခဲ့ပါတယ်။ သူမဟာ တစ်ဦးထဲသော ဥက္ကာခဲထိမှန်ပြီး အသက်ရှင်ခဲ့နိုင်ခဲ့သူတစ်ဦးပါ။ . အဲဒီနောက် အမေရိကန် လေတပ်က သူမရဲ့ ဥက္ကာခဲကိုသိမ်းယူသွားခဲ့လို့ တရားစွဲပြီး ပြန်တောင်းခဲ့ရပါတယ်။ ဒီနောက် သူတို့ထံမှဥက္ကာခဲကို သူတို့ရဲ့ မြေရှင်ဖြစ်သူက သူပိုင်တဲ့မြေပေါ်ကျတာ သူပိုင်တယ်ဆိုပြီး တရားထပ်စွဲပြန်ပါတယ်။ ဒီအတောအတွင်းမှာ ဥက္ကာခဲကို ဒေါ်လာငါးထောင်ပေးပြီး ၀ယ်မယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ . နောက်ဆုံးမှာ Hodges တို့ လင်မယားဟာ ဒုက္ခပေးလှတဲ့ ဥက္ကာခဲကို Albama Natural History ပြတိုက်ကို လှူဒါန်းပြီး သံယောစဉ် ဖြတ်ခဲ့ပါတော့တယ်။

Jikininki

 Jikininki ဂျပန်ရိုးရာ ဒဏ္ဏာရီအရ လူတွေဟာ အသက်ရှင်စဉ်ကာလမှာ အလိုလောဘကြီးခဲ့ရင် သေတဲ့အခါ jikininki လို့ခေါ်တဲ့ကြိမ်စာသင့်တစ္ဆေ ဘဝကိုရောက်သွားတယ်လို့ဆိုကြတယ်။ jikininki ရဲ့ပုံသဏ္ဏန်ဟာ ပုပ်ပွနေတဲ့အလောင်းနဲ့တူတယ် ချွန်ထက်တဲ့လက်သည်းတွေရှိပြီး မျက်လုံးတွေဟာလည်းအရောင်တောက်နေတယ်။ အလောင်းတွေကိုဖော်စားဖို့ ညအခါသင်္ကျ ိုင်းတွေမှာ လှည့်လည်သွားလာလေ့ရှိတယ်။ နေ့အခါမှာတော့ လူယောင်ဖန်ဆင်းနိုင်စွမ်းရှိပြီး သာမာန်လူတွေလိုပဲ လူတွေကြားထဲမှာ သွားလာနေထိုင်နိုင်ပါသတဲ့

အိမ်သာထဲက နတ်ဘုရားများ

  ​ရောမ​တွေရဲ့ အဓိက အိမ်​သာနတ်​ဘုရားက​တော့ Crepitus ပါ။ Crepitus အိမ်​သာတင်​မကပါဘူး မစင် ​ကို​ရော ​လေလည်​ခြင်​းကိုပါ ​စောက်​​ရေ​ှာက်​တဲ့နတ်​ဘုရားပါ။ ​ရောမ​တွေမှာ အီးနတ်​ရှိတယ်​​နော။ အကယ်​၍များ တစ်​စုံတစ်​​ယောက်​ဟာ ဝမ်း​လျောတာ​တို့ ​​လေပွတာတို့ဖြစ်​ပြီးဆိုရင်​ Crepitus ဆီမှာ သက်​သာ​အောင်​ဆု​တောင်​းရပါတယ်​။ ________________________________________________________________________________________ ​ရောမ​တွေရဲ့ မိလ္လာနတ်​က​တော့ Cloacina ပါ။ အိမ်​သာ​တွေပိတ်​ဆို့တာ မိလ္လာလျှံတာ​တွေမဖြစ်​​အောင်​ ​စောင်​့​ရှောက်​တဲ့နတ်​ပါ။ အိမ်​သာ ပိတ်​တာဖြစ်​ရင်​ သူဆီမှာဆု​တောင်းရပါတယ်​။ ​ရောမအင်​ပါယာရဲ့ မိလ္လာစနစ်​ဟာ သူအ​ပေါ်မှာ အများကြီးမှီခို​နေပြီး ဒါကိုတိုင်းသူပြည်​သား​တွေ အမြဲအမှတ်​ရ​နေ​အောင်​ BC ၈ရာစုက ဘုရင်​ Titus Tatius ဟာ Colacina ဗိမာန်​ကို ​ဆောက်​လုပ်​လှုဒါန်းဖူးပါတယ်​။ _____________________________________________________________________________________________ Stercutius က​တော့​ရောမမှာအ​ရေးပါတဲ့နတ်​တစ်​ပါးပါ။ သူဟာ လူနဲ့တိရိစ္ဆာန်​ မစင်​တို့ရဲ့ နတ်​ဖြစ်​ပြီး ​စိုက်​ပျိုး​ရေးအတွက်​ ​မြေသြဇာ​က...

အာကာသထဲမှာ သေးပေါက်ချင်တဲ့ ပြသနာ

ကမ္ဘာမြေပေါ်မှာဆိုရင်တော့ သင့်ကိုဘယ်အချိန် အပေါ့သွားရမယ်ဆိုတာကို သင့်ရဲ့ဆီးအိမ်က အချက်ပေးပါတယ်။ ဆီးအိမ်ထဲကို ဆီးတွေရောက်လာတဲ့အခါ ဆီးအိမ်အောက်ခြေမှာ အလေးချိန်ကြောင့် ဖိအားဖြစ်လာပါတယ်။ အဲဒီကတဆင့် ဆီးသွားချင်တဲ့ ခံစားမှုဖြစ်ပေါ်စေပြီး သင့်ကိုအချက်ပေးပါတယ်။ ဒါပေမယ့် ဆွဲငင်အားမဲ့တဲ့ zero G အာကာသထဲမှာတော့ သင့်ရဲ့ဆီးဟာ အလေးချိန်မရှိတဲ့အတွက် သင့်ကိုဒီလို အချက်ပေးနိုင်မှာမဟုတ်ပါဘူး။ အာကာသထဲမှာဆိုရင် သင့်ရဲ့ဆီးအိမ်တစ်ခုလုံး လုံးဝပြည့်သွားတဲ့ max capacity ကိုရောက်မှသာ သင်ဟာ ရုတ်တရက် ဆီးသွားချင်တဲ့ ခံစားချက်ဖြစ်လာမှာပါ။  ၁၉၆၂ ခုနှစ်က အမေရိကန်မာကာသယာဉ်မှူး John Glenn ဟာ အာကာသထဲက ကမ္ဘာကိုပတ်နေစဉ်အတွင်း ဆီး ၂၅ အောင်စ ကို ရုတ်တရက် ပေါက်ခဲ့ပါတယ်။ သူကတော့အဲဒီအချိန်က ဆီးသွားဖို့ ကြို ပြီး အိတ်စွပ်ထားနိုင်ခဲ့တဲ့အတွက် ဘာမှတော့မဖြစ်ခဲ့ပါဘူး။ သူ့မတိုင်ခင် က အမေရိကန်ရဲ့ပထမဆုံး အာကာသယာဉ်မှူး Alan Shepard ကတော့ ဆီးမထိန်းနိုင်ပဲ သူ့ရဲအာကာသ ဝတ်စုံထဲမှာပေါက်ချမိတဲ့အတွက် ဝတ်စုံကနှလုံးခုန်နုန်း တိုင်းတဲ့ စက်ထဲဝင်ပြီး ရှော့ဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် International Space Station မှ အာကာသယာဉ်မှုးတွေကတော့ အဲဒီပြသနာ မဖ...

ဓါတ်ပုံတစ်ပုံ၏ နောက်ကွယ်မှ ခြောက်ခြားစရာ အဖြစ်အပျက်များ

  ဒီလူငယ်နှစ်ယောက်ရဲ့ဓာတ်ပုံဟာ လက်ထဲမှာ ပလက်စတစ် ခွက်ကို ကိုင်ထားတဲ့အတွက် house party တစ်ခုမှာရိုက်ထားတာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာကလွဲလို့ ဘာမှတော့ထူးထူးခြားခြား မရှိလှပါဘူး။ ဒါပေမယ့် အဲဒီဓာတ်ပုံရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ရာဇာတ်လမ်းတစ်ခုရှိပါတယ်။ . ဓာတ်ပုံထဲက အကျင်္ ီအမဲနဲ့တစ်ယောက်က Tyler Hadley ဆိုသူဖြစ်ပြီး ၂၀၁၁ ဇူလိုင် ၂၁ ရက်နေ့က သူ့အိမ်မှာ လုပ်တဲ့ house party မှာရိုက်ထားတာဖြစ်ပါတယ်။ . အဲဒီပါတီကို သူငယ်ချင်းအပေါင်းအသင်း ၆၀ လောက်လာခဲ့ပါတယ်။ . အိမ်မှာ ဒီလိုပါတီမျိုးပေးဖို့ ခွင့်ပြုတဲ့ Tyler ရဲ့မိဘတွေဟာ အင်မတန် သဘောကောင်းသူတွေလို့ထင်ကောင်းထင်ပါလိမ့်မယ်။ . အဲလိုမဟုတ်ပါဘူး .. . Tyler ဟာ သူရဲ့ မိဘနှစ်ပါးစလုံးကို အဲဒီနေ့မနက်ကပဲ တူနဲ့ထုသတ်ခဲ့ပြီး ပါတီပွဲကျင်းပနေချိန် အလောင်းတွေကို အိပ်ခန်းအတွင်းမှာ သိမ်းထားခဲ့ပါတယ်။ . အဲဒီညမှာပဲ Tyler ဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို သူ့ရဲ့မိဘတွေကို သတ်ပြီး အခန်းထဲမှာထားထား တဲ့အကြောင်းဖွင့်ပြောခဲ့ပြီး နောက်တစ်နေ့မနက်မှာ အဖမ်းခံခဲ့ရပါတယ်။ . Tyler ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့အချိန်မှာ ၁၈ နှစ်မပြည့်သေးတဲ့အတွက် သေဒဏ်ပေးလို့မရပဲ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း...

Mind Game

  အခုအောက်မှာပြောမယ့်ဟာက ဉာဏ်စမ်းပုစ္ဆာတစ်ခုဆိုတာထက် စိတ်ကိုစမ်းသပ်တဲ့ လေ့ကျင့်ခန်းတစ်ခုဆိုရင်ပိုမှန်ပါလိမ့်မယ်။ . အောက်မှာပေးထားတဲ့ အပေါင်းအနုတ်ကလေးတွေကို တစ်ခုခြင်းစီ တတ်နိုင်သမျှ မှန်မှန်လေး စိတ်ထဲကနေ တွက်ပေးပါ . တစ်ခုမပြီးသေးပဲ နောက်တစ်ခုကို ကျော်မတွက်ဖို့အရေးကြီးပါတယ်။ သိချင်ဇောနဲ့ ကျော်ပြီး အောက်ဆုံးကစမဖတ်ဖို့လည်း အရေးကြီးပါတယ် . ဘာကိုမှ မှတ်ထားစရာမလိုသလို ချရေးထားစရာလဲမလိုပါဘူး . စိတ်ထဲကပဲ ပေါ့ပေါ့ပါးပါးလေး ခပ်မြန်မြန် တွက်ကြမယ် . စပြီ . . . . . . . 15 + 6 . 3 + 56 . 89+2 . 12 + 53 . 75 + 26 . 25 + 52 . 63 + 32 . သချာင်္တွက်ရတာ နည်းနည်းတော့ပျင်းစရာကောင်းတာပေါ့ ဒါပေမယ့် ဒီတစ်ခုပြီးရင်ပြီးပါပြီ . 123 + 5 . အခု အရောင်တစ်ခုနဲ့ လက်သမားသုံးကရိယာ တစ်ခုကို စိတ်ထဲမှာ အမြန် မှတ်ထားလိုက်ပါ . . . . . . . . . . . . . . . . . . . . . . . . သင်မှတ်ထားတာဟာ အနီရောင် (သို့) တူတစ်ချောင်း ဟုတ်ပါသလား . 98% သောလူတွေဟာ အနီရောင်တူလိ့ု ဖြေကြပါတယ်။ . သင်မှတ်ထားတာ အနီရောင် တူမဟုတ်ခဲ့ရင် သင်ဟာ 2% သော ထူးခြားတဲ့ စိတ်ပိုင်ရှင်ဖြစ်ပါတယ်။ . မယုံရင် ဒီပို့စ်ကို ရှဲပြီး အခြားသူများကိုစမ်းသပ်ကြည့်ပါ။

ကျွန်တော်တို့အနားမှာ တကယ်ရှိနေတဲ့ Ghost Frequencies များ

 ၁၉၈၀ အ​စောပိုင်း.... အင်္ဂလိပ်​ စာ​ရေးဆရာ သု​တေသနသမား တစ်​ဦးဖြစ်​တဲ့ Vic Tandy ဟာ ​​ဆေးဝါးထုတ်​လုပ်​​ရေး ကုမ္မဏီတစ်​ခုရဲ့ ဓာတ်​ခွဲခန်းမှာအလုပ်​လုပ်​​နေတဲ့အချိန်​ဖြစ်​ပါတယ်​။ တ​နေ့​တော့ သူအပါအဝင်​ အခြားသု​တေသနသမား​တွေ​ရော အဲဒီက သန်​့ရှင်​း​ရေးသမား​တွေဟာ ဒီ lab ထဲကို​ရောက်​ရင်​ ​ခြောက်​ခြားလားသလိုလို တစ်​​ယောက်​​ယောက်​က သူ့တို့အနားမှာ ရပ်​​နေသလိုလို ခံစားလာကြတယ်​လို့ဆိုပါတယ်​။ တချို့ဆိုရင်​ မကြာခဏ လူသဏ္ဍာန်​လိုလိုအရိပ်​တစ်​ခု သူတို့အနားက ဖြတ်​ဖြတ်​သွားတာကို ​တွေကြရပါသတဲ့။  . သူတို့အဲဒီ ဝိဉာဉ်​လိုလို သဏ္ဍာန်​ကို ​တွေ့ကြရတဲ့​နေရာဟာလည်​း တစ်​​နေရာထဲပါ၊ အဲဒါက​တော့ Vic Tandy ရဲ့စားပွဲနဲ့မလှမ်းမကမ်းနားမှာပဲဖြစ်​ပါတယ်​။ Tandy ကိုယ်​တိုင်​လည်း အဲဒီ သဏ္ဍာန်​ကို သူ့ရဲ့စာပွဲနားမှာ​တွေခဲ့ဖူးတယ်​လို့ဆိုပါတယ်​။ . တစ်​ရက်​မှာ​တော့ Vic Tandy ဟာ သူစားပွဲမှာ သူ fencing ​ဆော့တဲ့ ဓားကို vice ( ပြုတ်​တူ ) နဲ့ညပ်​ထားရာက ဓားရဲ့အဖျားဟာ အလိုလို ခါ​နေတာကို​တွေ့ခဲ့ပါသတဲ့။ အဲဒါနဲ့ Tandy ဟာ ဒီအခန်​းထဲမှာ လူနားနဲ့မကြားနှိုင်​တဲ့ frequency ​တွေ ရှိနှိုင်​မယ်​လို့ ခန်​့မှန်​းခဲ့ပြီး လက်​သည်​ရှာခဲ့ပါတယ်​။ ​...

Popular posts from this blog

လူပေါင်း ကိုးရာကျော် အစုလိုက် အပြုံလိုက် သတ်သေမှုကြီး

 အခုပုံဟာ 1978 နိုဝင်ဘာလ ၁၈ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး တောင်အမေရိက Guyana နိုင်ငံ မြောက်ပိုင်းက People Temple ဆိုတဲ့ Religious cult အဖွဲ့က အဖွဲ့ဝင်တွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။ . People Temple ကို Jim Jones ဆိုသူက ဦးဆောင်ပြီး အဖွဲ့ဝင်တွေအများစုဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပါတယ်။ . ကွန်မြူနစ်ဆန်တဲ့ ယုံကြည်မှုကို အခြေခံပြီးဖွဲစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ . သူတို့အဖွဲ့ဝင်တွေဟာ Jonetown ခြံဝန်းကြီးထဲမှာ စိုက်ပျိုးရေးတွေအတူတူလုပ်ကြ အတူတူစားကြ ပြီး အရွယ်ပေါင်းစုံ ယောကျာ်းမိန်းမအစုံ အတူတကွနေထိုင်ပါတယ်။ . ၁၉၇၃ လောက်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့နဲ့ ယုံကြည်ချက်တူသူ အမေရိကန်များ လိုက်လာခဲ့ပြီး အဖွဲ့ဝင်တွေတဖြည်းဖြည်းများ လာခဲ့ပါတယ်။ . အဲဒီနောက်မှာတော့ အလုပ်အကိုင် အတင်းအကြပ်စေခိုင်းမှု လူအခွင့်အရေးချိုးဖောက်မှု စတဲ့မကောင်းသတင်းတွေထွက်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဆောင် Jim Jones က ဘယ်သူ့ကိုမှ အဖွဲ့ကနေ ရော အဲဒီခြံဝန်းကြီးထဲကနေပါပေးမထွက်ပဲ အမြဲ လက်နှက်ကိုင်အဆောင့်တွေနဲ့ စောင့်ကြပ်နေတယ်ဆိုတဲ့သတင်းပါပဲ။ . အဲဒီသတင်း တွေထွက်လာတဲ့အခါ အခြေအနေတွေကို စုံစမ်းဖို...

မတော်တဆ ဖောက်ထွင်းကြည့်ကင်မရာကို တီထွင်မိသွားလို့ စျေးကွက်ထဲက ပြန်လိုက်သိမ်းခဲ့ရတဲ့ ဆိုနီ

 1998 ခုနှစ်​က Sony ဟာ ​ထုတ်​လုပ်​ဖြန်​့ချီပြီးသား ဗီဒီယိုကင်​မရာ အလုံး ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရဖူးပါတယ်​။ အ​ကြောင်းက​တော့ အဲဒီကင်​မရာ​တွေဟာ အဝတ်​အစား​တွေကို ​ဖောက်​ထွင်းပြီးမြင်​​နေရလို့ပါတဲ့။ . ဒီကင်​မရာ​တွေမှာ ​မှောင်​ထဲမှာ အလင်း​ရောင်​နည်းတဲ့​နေရာ​တွေမှာ ရိုက်​ကူးနှိုင်​အောင်​ အနီ​အောက်​​ရောင်​ချည်​ နည်းပညာကို ထည်​့သွင်းထုတ်​လုပ်​ထားခဲ့ပါတယ်​။ . ​ဒါ​ပေမယ်​့ အဲဒီ infra-red lens နဲ့ ​နေ့ခင်းဖက်​ရိုက်​ကူးတဲ့အခါမှာ​တော့ အ​ရောင်​ရင်​့တဲ့အဝတ်​အစား​တွေ ပါးလွှာတဲ့အဝတ်​အစား​တွေ အစရှိသဖြင်​့ အဝတ်​အစားရဲ့ အနီ​အောက်​​ရောင်​ချည်​ စုပ်​ယူနှိုင်​စွမ်းအ​ပေါ်မူတည်​ပြီး အတိုင်းအတာတစ်​ခုအထိ ​ဖောက်​ထွင်းကာ အထဲက တက်​တူး အတွင်းခံ နဲ့ မမြင်​့သင်​့မမြင်​အပ်​တဲ့အရာ​တွေ ​ကိုမြင်​​နေရပါတယ်​။ . ၁၉၈၈ က ABC ရုပ်​သံ Good Morning America အစီအစဉ်​မှာ consumer correspondent တစ်​ဦးဖြစ်​တဲ့ Greg Hunter က ဒီလို​ဖောက်​ထွင်းမြင်​​နေရတဲ့ဆိုတာကို ​မော်​ဒယ်​​တွေနဲ့ သရုပ်​ပြခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့ Sony ဟာ ထုတ်​လုပ်​ပြီး ဗီဒီယိုကင်​မရာ ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရပြီး နောက်​ထပ်​ထုတ်​လုပ်​တဲ့ကင်​မရာ​တ...

ရေခဲ​သေတ္တာတံခါး​တွေဟာ ဘာ​ကြောင်​့ သံလိုက်​ကိုသုံးပြီးပိတ်​ကြသလဲ

ဒီပိုစ်​့က သင်​​နောက်​တစ်​ခါ​ရေခဲ​သေတ္တာဖွင်​့လိုက်​တိုင်း ဒီအ​ကြောင်းကိုပြန်​သတိရမိ​နေ​စေမှာပါ။ . ​ရေခဲ​သေတ္တာ​တွေရဲ့ တံခါးဟာ သံလိုက်​ကိုသုံးပြီး ပိတ်​ကြတယ်​မဟုတ်​ပါလား။ ဒါ​ပေမယ်​့ ဟိုးတုန်းက ရုပ်​ရှင်​​တွေကြည်​့ရင်​သတိထားမိပါလိမ်​့မယ်​။ အရင်​က​ရေခဲ​သေတ္တာတံခါး​တွေက ဂျက်​နဲ့ပါ။  . တစ်​နည်းအားဖြင်​့ အပြင်​ကပဲဖွင်​့လို့ရပြီး အကယ်​၍သာ သင်​ အထဲကို ​ရောက်​​နေတုန်း မ​တော်​တဆ ပိတ်​မိသွားခဲ့မယ်​ဆိုရင်​​တော့ တ​ယောက်​​ယောက်​ လာမဖွင်​့​ပေးမခြင်း လုံးဝပြန်​ထွက်​လို့ရ​တော့မှမဟုတ်​သလို တံခါးက ရာဘာ seal ​တွေ​ကြောင်​့ သင်​့ရဲ့အကူအညီ​တောင်းသံ ​တော်​ရုံအနားက လူ​တွေကြားနှိုင်​​တော့မှာမဟုတ်​ပါဘူး။ . အထူးသဖြင်​့ က​လေးငယ်​​တွေဟာ စွန်​့ပြစ်​ထားတဲ့​ရေခဲ​သေတ္တာ​တွေထဲ ဝင်​ကစားကြရင်း မကြာခဏဆိုသလို ​ပိတ်မိကာ ​အသက်​ရှုကြပ်​​သေဆုံးမှု​တွေဖြစ်​ခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့  ၁၉၅၁ ခုနှစ်​က အ​မေရိကန်​နိုင်​ငံ ကယ်​လီဖိုးနီးယားပြည်​နယ်​မှာ ​ရေခဲ​သေတ္တာ​တွေကို စည်းကမ်းမဲ့စွန်​့ပစ်​ခြင်းမပြုလုပ်​ဖို့ စွန်​့ပစ်​မယ်​ဆိုရင်​လည်း တံခါး​တွေကိုဖြုတ်​ပြီးမှာ စွန်​့ပစ်​ကြဖို့ ဥပ​ဒေတစ်​ရပ်​ပြဌာန်းကာ တားမြစ်​ခဲ့ပါတယ်​။ ...