၁၉၈၀ အစောပိုင်း....
အင်္ဂလိပ် စာရေးဆရာ သုတေသနသမား တစ်ဦးဖြစ်တဲ့ Vic Tandy ဟာ ဆေးဝါးထုတ်လုပ်ရေး ကုမ္မဏီတစ်ခုရဲ့ ဓာတ်ခွဲခန်းမှာအလုပ်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
တနေ့တော့ သူအပါအဝင် အခြားသုတေသနသမားတွေရော အဲဒီက သန့်ရှင်းရေးသမားတွေဟာ ဒီ lab ထဲကိုရောက်ရင် ခြောက်ခြားလားသလိုလို တစ်ယောက်ယောက်က သူ့တို့အနားမှာ ရပ်နေသလိုလို ခံစားလာကြတယ်လို့ဆိုပါတယ်။ တချို့ဆိုရင် မကြာခဏ လူသဏ္ဍာန်လိုလိုအရိပ်တစ်ခု သူတို့အနားက ဖြတ်ဖြတ်သွားတာကို တွေကြရပါသတဲ့။
.
သူတို့အဲဒီ ဝိဉာဉ်လိုလို သဏ္ဍာန်ကို တွေ့ကြရတဲ့နေရာဟာလည်း တစ်နေရာထဲပါ၊ အဲဒါကတော့ Vic Tandy ရဲ့စားပွဲနဲ့မလှမ်းမကမ်းနားမှာပဲဖြစ်ပါတယ်။
Tandy ကိုယ်တိုင်လည်း အဲဒီ သဏ္ဍာန်ကို သူ့ရဲ့စာပွဲနားမှာတွေခဲ့ဖူးတယ်လို့ဆိုပါတယ်။
.
တစ်ရက်မှာတော့ Vic Tandy ဟာ သူစားပွဲမှာ သူ fencing ဆော့တဲ့ ဓားကို vice ( ပြုတ်တူ ) နဲ့ညပ်ထားရာက ဓားရဲ့အဖျားဟာ အလိုလို ခါနေတာကိုတွေ့ခဲ့ပါသတဲ့။
အဲဒါနဲ့ Tandy ဟာ ဒီအခန်းထဲမှာ လူနားနဲ့မကြားနှိုင်တဲ့ frequency တွေ ရှိနှိုင်မယ်လို့ ခန့်မှန်းခဲ့ပြီး လက်သည်ရှာခဲ့ပါတယ်။ နောက်ဆုံးတော့ အဲ့ဒီခုံအနားက အသစ်တပ်ထားတဲ့ လေပူထုတ်ပန်ကာရဲ့ တုန်ခါမှုကြောင့် low frequency sound တွေထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။
.
အဲဒီပန်ကာကို ဖြုတ်လိုက်တဲ့အခါမှာတော့ ချက်ခြင်းပဲ အခန်းထဲကလူတွေရဲ့ စိတ်ထဲမှာ အရင်ကလို ခြောက်ခြားတာတွေ ထင်ယောင်ထင်မှားဖြစ်တာတွေလည်း တခါထဲပျောက်သွားပါတော့တယ်။
.
အဲဒီ လူ့နားနဲ့ မကြားရဘူးဆိုတဲ့ အသံတွေဟာ ဘာတွေလဲ?
အဲဒီအသံလှိုင်းတွေကို infrasounds လို့ခေါ်ပါတယ်။
.........................
Infrasound တွေကို ပထမဆုံး သုတေသနပြုခဲ့သူကတော့ ရုုရှားနိုင်ငံဖွား ပြင်သစ်သိပ္ပံပညာရှင် Vladimir Gavreau ပါ။
1960 ခုနှစ်လောက်က Vladimir Gavreau ဟာ တစ်ရက်မှာ သူဓာတ်ခွဲခန်းအတွင်း အလုပ်လုပ်နေတဲ့အချိန် သူ့ရဲ့လက်ထောက်ဖြစ်သူ နားထဲကနေ အကြောင်းမဲ့ သွေးတွေထွက်နေတာကို တွေ့လိုက်ရသတဲ့။
.
အဲဒါနဲ့သူဟာ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကို ရှာဖွေရင်းနဲ့ အဲ့ဒီလက်ထောက်အနားက ပိုက်တစ်ခုကို သတိထားမိခဲ့တယ်။ အဲဒီပိုက်ကထွက်တဲ့ တုန်ခါမှု vibration ကတဆင့် လူတွေနားနဲ့ မကြားနှိုင်တဲ့ အသံလှိုင်းတွေထွက်ေနတာကို မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ပာတယ်။
..........................
Infrasounds ဘာလဲ
..........................
Infrasounds ဆိုတာ ကြိမ်နှုန်း 20 Hz အောက် low frequency အသံလှိုင်းတွေဖြစ်ပါတယ်။
လူ့နားဟာ ကြိမ်နှုန်း frequency 20 Hz နဲ့ 20 kHz အကြား အသံတွေကို ကြားနှိုင်ပေမယ့် frequency 20 Hz အောက် infrasounds တွေကိုတော့ မကြားနှိုင်ပါဘူး။
.
သို့သော် အာရုံခံနှိုင်စွမ်းတော့ရှိပာတယ်။ အဲဒီအသံတွေကို အာရုံခံမိတဲ့အခါ လူတွေရဲ့စိတ်မှာ မအီမသာဖြစ်စေပါတယ်။ သုတေသနပြုချက်များအရ frequency 7 Hz နဲ့ 19 Hz ကြား infrasounds တွေဟာ လူကို ကြောက်လန့်စေခြင်း ခြောက်ခြားစေခြင်း ထင်ယောင်မှား တွေဖြစ်စေတယ်လို့ဆိုပါတယ်။
.
ဘာကြောင့် infrasounds တွေဟာ လူတွေကို ဒီလို ခံစားချက်တွေဖြစ်စေတာလဲ????
.
လူရဲ့ ဆင့်ကဲဖြစ်စဉ်ကြောင့်လို့ပြောလို့ရပါတယ်။
.
Infrasounds တွေကို လူတို့ဖန်တီးထားတဲ့ ကရိယာတွေကသာ ထုတ်လွှတ်နှိုင်တာမဟုတ်ပါဘူး၊ သဘာဝတရားကြီးကလည်း ထုတ်လွှတ်နှိုင်ပါတယ်။ မီးတောင်တွေ ငလျှင်တွေ ပင်လယ်လှိုင်လုံးကြီးတွေကလည်း infrasounds တွေထုတ်လွှတ်နှိုင်ပါတယ်။ တိရိစ္ဆာန် တွေထဲကဆို ကျားဟာ infrasounds အသံပြုလုပ်နှိုင်ပါတယ်။ များသောအားဖြင့် infrasounds ထုတ်လွှတ်နှိုင်သော အရာများဟာ လူအတွက် အန္တရယ်ရှိတဲ့အရာများဖြစ်ပါတယ်။
အဲဒါကြောင့် ဆင့်ကဲဖြစ်စဉ်လက်ရှိအဆင့်မှာ လူဟာ ဒီအသံတွေရဲ့ frequency ကို ကြားနှိုင်စွမ်းမရှိတော့ပေမယ့် အာရုံခံမိတဲ့အခါ မျိုးဗီဇထဲမှာကိုက ကြောက်တဲ့ဗီဇပါလာတာ ဖြစ်နှိုင်ပါတယ်။
.....................
Vic tandy ဟာ နောက်ပိုင်းမှာ paranormal research တွေကိုလည်းပြုလုပ်ခဲ့ပြီး စာအုပ်တွေလည်းထုတ်ခဲ့ပါသေးတယ်၊
.
သူက သရဲခြောက်တယ်လို့ လူပြောများတဲ့ နေရာတွေမှာ infrasounds ထုတ်လွှတ်တဲ့အရာတွေ ရှိနေတတ်ကြောင်း၊ သရဲခြောက်တယ်ဆိုတဲ့ အဖြစ်အပျက်တော်တော်များများဟာလည်းအဲ့ဒီ အသံတွေကြောင့် အထူးသဖြင့် 18 Hz frequency ရှိတဲ့ အသံလှိုင်းတွေကြောင့် လူတွေရဲ့စိတ်ဟာ ခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်ကြောင်းဆိုပါတယ်။
....................
အဲဒီအရသာခံစားချင်သူများလည်း frequency response 20Hz အောက် infrasound ထုတ်နှိုင်တဲ့ subwoofer ကြီးတွေနဲ့ စမ်းသပ်ကြည့်နှိုင်ပါကြောင်း ...
_________________________________________________________________________________




Comments
Post a Comment