1998 ခုနှစ်က Sony ဟာ ထုတ်လုပ်ဖြန့်ချီပြီးသား ဗီဒီယိုကင်မရာ အလုံး ၇ သိန်း လောက်ကိုပြန်သိမ်းခဲ့ရဖူးပါတယ်။
အကြောင်းကတော့ အဲဒီကင်မရာတွေဟာ အဝတ်အစားတွေကို ဖောက်ထွင်းပြီးမြင်နေရလို့ပါတဲ့။
.
ဒီကင်မရာတွေမှာ မှောင်ထဲမှာ အလင်းရောင်နည်းတဲ့နေရာတွေမှာ ရိုက်ကူးနှိုင်အောင် အနီအောက်ရောင်ချည် နည်းပညာကို ထည့်သွင်းထုတ်လုပ်ထားခဲ့ပါတယ်။
.
ဒါပေမယ့် အဲဒီ infra-red lens နဲ့ နေ့ခင်းဖက်ရိုက်ကူးတဲ့အခါမှာတော့ အရောင်ရင့်တဲ့အဝတ်အစားတွေ ပါးလွှာတဲ့အဝတ်အစားတွေ အစရှိသဖြင့် အဝတ်အစားရဲ့ အနီအောက်ရောင်ချည် စုပ်ယူနှိုင်စွမ်းအပေါ်မူတည်ပြီး အတိုင်းအတာတစ်ခုအထိ ဖောက်ထွင်းကာ အထဲက တက်တူး အတွင်းခံ နဲ့ မမြင့်သင့်မမြင်အပ်တဲ့အရာတွေ ကိုမြင်နေရပါတယ်။
.
၁၉၈၈ က ABC ရုပ်သံ Good Morning America အစီအစဉ်မှာ consumer correspondent တစ်ဦးဖြစ်တဲ့ Greg Hunter က ဒီလိုဖောက်ထွင်းမြင်နေရတဲ့ဆိုတာကို မော်ဒယ်တွေနဲ့ သရုပ်ပြခဲ့ဖူးပါတယ်။
.
အဲဒါကြောင့် Sony ဟာ ထုတ်လုပ်ပြီး ဗီဒီယိုကင်မရာ ၇ သိန်း လောက်ကိုပြန်သိမ်းခဲ့ရပြီး နောက်ထပ်ထုတ်လုပ်တဲ့ကင်မရာတွေမှာ ဒီလိုကိစ္စတွေထပ်မဖြစ်အောင် နည်းပညာအပြောင်းအလဲတွေပြုလုပ်ခဲ့ရပါတယ်။ ဒါဟာ Sony ကုမ္မဏီသမိုင်းမှာ အရေအတွက်အများဆုံး recall လုပ်ခဲ့ရတာဖြစ်ရပ်လည်းဖြစ်ပါတယ်။


Comments
Post a Comment