Skip to main content

ဂရိဒဏ္ဏာရီထဲက သတ္တဝါကြီးများ

  The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...

ဂရိဒဏ္ဏာရီထဲက သတ္တဝါကြီးများ

 The Sphinx



Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။

________________________________________________________________________

The Cyclop


ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus တွင်းထဲမှာချုပ်နှောင်ခဲ့ပါတယ်။ နောက်တော့သူတို့ကို နတ်ဘုရားဇုက လွတ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ ဇု အတွက် မိုးကြိုးလက်နှက်ကို ပြုလုပ်ပေးခဲ့ပါတယ်။

___________________________________________________________________________

The Echidna



Echidna ကို mother of all monsters လည်းလူသိများပါတယ်။ ဂရိဒဏ္ဏာရီထဲက monster အများစုဟာ သူမရဲ့မျိုးဆက်တွေဖြစ်ပါတယ်။ အပေါ်ပိန်းဟာ ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးဖြစ်ပြီး အောက်ပိုင်းကတော့ မြွေခန္ဓာကို ရှိသူပါ။

________________________________________________________________________

Typon


Typon ကို father of monster လို့လည်းခေါ်ပါတယ်။ Gaia နဲ့ Tartarus တို့မှမွေးဖွားခဲ့ပြီး ကမ္ဘာပေါ်မှာ အရက်စက်ဆုံးသော သတ္တဝါကြီးအဖြစ်သတ်မှတ်ထားပါတယ်။ သူမတ်တတ်ရပ်လိုက်ရင် ခေါင်းဟာ ကြယ်တွေနဲ့တောင်ထိနေပါသတဲ့။ သူအတောင်ကြီးတွေဖြန့်လိုက်ရင် နေရောင်ကိုတောင်မမြင်နိုင်ဖြစ်သွားပါတယ်။ typon ဟာ စွမ်းအားကြီးလွန်းလို့သူ့ကို ယှဉ်နိုင်တာဆိုလို့ နတ်ဘုရား ဇု တစ်ဦးသာရှိပါတယ်။

___________________________________________________________________________________________________

The Chimera



နောက်ထပ် ဂရိဒဏ္ဏာရီထဲက သတ္တဝါတစ်ကောင်ကတော့ ရက်စက်ကြန်းကြုတ်တတ်တဲ့ Chimera ဖြစ်ပါတယ်။ မီးမှုတ်တတ်ပြီး ခြင်္သေ့ ဆိတ် နဲ့ မြွေ ခေါင်းသုံးလုံးရှိပါတယ်။ Chimera ဟာ Shpinx ရဲအမေလည်းဖြစ်ပါတယ်။

_____________________________________________________________________________________________________

The Hydra



Hydra ဟာမြွေသဏ္ဏန်ရှိတဲ့ ရေသတ္တဝါကြီးဖြစ်ပါတယ်။ အဆိပ်မှုတ်ထုတ်နိုင်ပြီး ရှုမိရင် ချက်ခြင်းသေနိုင်ပါတယ်။ ခေါင်းများစွာရှိပြီး တစ်လုံးပြတ်ရင် နှစ်လုံးပြန်ပေါက်ပါတယ်။ လူစွမ်းကောင်း ဟာကျူလီဟာ Hydra နဲ့တိုက်ခိုက်တဲ့အခါ နှာခေါင်းမျက်နှာတို့ကိုအဝတ်နဲ့ စည်းပြီးတိုက်ခိုက်ခဲ့တာပါ။ ခေါင်းတွေဖြတ်ရင်းပွားပွားလာတဲ့အတွက် ဖြတ်လိုက်တဲ့ အရင်းတွေကို မီးရှို့တိုက်ခိုက် အောင်မြင်ခဲ့ပါတယ်။

___________________________________________________________________________________________

Cerberus



Cerberus ဟာ underworld ရဲ့ ဝင်ပေါက်ကိုစောင့်တဲ့ ခေါင်းသုံးလုံး ခွေးကြီးဖြစ်ပါတယ်။ သူ့အနားကပ်လာသမျှ သတ်ရှိသတ္တဝါတွေကို စားသောက်တတ်ပြီး သေဆုံးပြီးသား ၀ိဉာဉ်တွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြုပါတယ်။ သူရဲကောင်းဟာကျူလီကတော့ လက်ဗလာနဲ့ နပန်းဝင်လုံး အရှင်ဖမ်းပြီး ဘုရင် Eurystheus ကိုလက်ဆောင်ပေးခဲ့ပါတယ်။

_______________________________________________________________________________________________

Medusa



အင်မတန်ချောမောလှပပြီး လူတစ်ပိုင်း မြွေတစ်ပိုင်းသတ္တဝါဖြစ်ပါတယ်။ သူမရဲ့ဆံပင်ဟာ သက်ရှိမြွေတွေဖြစ်ပြီး သူမျက်လုံးနဲ့ကြည့်မိတဲ့သူတိုင်းဟာ ကျောက်ရုပ်ဖြစ်သွားပါတယ်။ Perceus ကတော့သူရဲ့ဒိုင်းကတဆင့် အရိပ်ကိုကြည့်ပြီး သူမရဲဦးခေါင်းကိုဖြတ်ယူနိုင်ခဲ့ပါတယ်။

_______________________________________________________________________________________________

Comments

Popular posts from this blog

လူပေါင်း ကိုးရာကျော် အစုလိုက် အပြုံလိုက် သတ်သေမှုကြီး

 အခုပုံဟာ 1978 နိုဝင်ဘာလ ၁၈ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး တောင်အမေရိက Guyana နိုင်ငံ မြောက်ပိုင်းက People Temple ဆိုတဲ့ Religious cult အဖွဲ့က အဖွဲ့ဝင်တွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။ . People Temple ကို Jim Jones ဆိုသူက ဦးဆောင်ပြီး အဖွဲ့ဝင်တွေအများစုဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပါတယ်။ . ကွန်မြူနစ်ဆန်တဲ့ ယုံကြည်မှုကို အခြေခံပြီးဖွဲစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ . သူတို့အဖွဲ့ဝင်တွေဟာ Jonetown ခြံဝန်းကြီးထဲမှာ စိုက်ပျိုးရေးတွေအတူတူလုပ်ကြ အတူတူစားကြ ပြီး အရွယ်ပေါင်းစုံ ယောကျာ်းမိန်းမအစုံ အတူတကွနေထိုင်ပါတယ်။ . ၁၉၇၃ လောက်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့နဲ့ ယုံကြည်ချက်တူသူ အမေရိကန်များ လိုက်လာခဲ့ပြီး အဖွဲ့ဝင်တွေတဖြည်းဖြည်းများ လာခဲ့ပါတယ်။ . အဲဒီနောက်မှာတော့ အလုပ်အကိုင် အတင်းအကြပ်စေခိုင်းမှု လူအခွင့်အရေးချိုးဖောက်မှု စတဲ့မကောင်းသတင်းတွေထွက်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဆောင် Jim Jones က ဘယ်သူ့ကိုမှ အဖွဲ့ကနေ ရော အဲဒီခြံဝန်းကြီးထဲကနေပါပေးမထွက်ပဲ အမြဲ လက်နှက်ကိုင်အဆောင့်တွေနဲ့ စောင့်ကြပ်နေတယ်ဆိုတဲ့သတင်းပါပဲ။ . အဲဒီသတင်း တွေထွက်လာတဲ့အခါ အခြေအနေတွေကို စုံစမ်းဖို...

မတော်တဆ ဖောက်ထွင်းကြည့်ကင်မရာကို တီထွင်မိသွားလို့ စျေးကွက်ထဲက ပြန်လိုက်သိမ်းခဲ့ရတဲ့ ဆိုနီ

 1998 ခုနှစ်​က Sony ဟာ ​ထုတ်​လုပ်​ဖြန်​့ချီပြီးသား ဗီဒီယိုကင်​မရာ အလုံး ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရဖူးပါတယ်​။ အ​ကြောင်းက​တော့ အဲဒီကင်​မရာ​တွေဟာ အဝတ်​အစား​တွေကို ​ဖောက်​ထွင်းပြီးမြင်​​နေရလို့ပါတဲ့။ . ဒီကင်​မရာ​တွေမှာ ​မှောင်​ထဲမှာ အလင်း​ရောင်​နည်းတဲ့​နေရာ​တွေမှာ ရိုက်​ကူးနှိုင်​အောင်​ အနီ​အောက်​​ရောင်​ချည်​ နည်းပညာကို ထည်​့သွင်းထုတ်​လုပ်​ထားခဲ့ပါတယ်​။ . ​ဒါ​ပေမယ်​့ အဲဒီ infra-red lens နဲ့ ​နေ့ခင်းဖက်​ရိုက်​ကူးတဲ့အခါမှာ​တော့ အ​ရောင်​ရင်​့တဲ့အဝတ်​အစား​တွေ ပါးလွှာတဲ့အဝတ်​အစား​တွေ အစရှိသဖြင်​့ အဝတ်​အစားရဲ့ အနီ​အောက်​​ရောင်​ချည်​ စုပ်​ယူနှိုင်​စွမ်းအ​ပေါ်မူတည်​ပြီး အတိုင်းအတာတစ်​ခုအထိ ​ဖောက်​ထွင်းကာ အထဲက တက်​တူး အတွင်းခံ နဲ့ မမြင်​့သင်​့မမြင်​အပ်​တဲ့အရာ​တွေ ​ကိုမြင်​​နေရပါတယ်​။ . ၁၉၈၈ က ABC ရုပ်​သံ Good Morning America အစီအစဉ်​မှာ consumer correspondent တစ်​ဦးဖြစ်​တဲ့ Greg Hunter က ဒီလို​ဖောက်​ထွင်းမြင်​​နေရတဲ့ဆိုတာကို ​မော်​ဒယ်​​တွေနဲ့ သရုပ်​ပြခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့ Sony ဟာ ထုတ်​လုပ်​ပြီး ဗီဒီယိုကင်​မရာ ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရပြီး နောက်​ထပ်​ထုတ်​လုပ်​တဲ့ကင်​မရာ​တ...

ရေခဲ​သေတ္တာတံခါး​တွေဟာ ဘာ​ကြောင်​့ သံလိုက်​ကိုသုံးပြီးပိတ်​ကြသလဲ

ဒီပိုစ်​့က သင်​​နောက်​တစ်​ခါ​ရေခဲ​သေတ္တာဖွင်​့လိုက်​တိုင်း ဒီအ​ကြောင်းကိုပြန်​သတိရမိ​နေ​စေမှာပါ။ . ​ရေခဲ​သေတ္တာ​တွေရဲ့ တံခါးဟာ သံလိုက်​ကိုသုံးပြီး ပိတ်​ကြတယ်​မဟုတ်​ပါလား။ ဒါ​ပေမယ်​့ ဟိုးတုန်းက ရုပ်​ရှင်​​တွေကြည်​့ရင်​သတိထားမိပါလိမ်​့မယ်​။ အရင်​က​ရေခဲ​သေတ္တာတံခါး​တွေက ဂျက်​နဲ့ပါ။  . တစ်​နည်းအားဖြင်​့ အပြင်​ကပဲဖွင်​့လို့ရပြီး အကယ်​၍သာ သင်​ အထဲကို ​ရောက်​​နေတုန်း မ​တော်​တဆ ပိတ်​မိသွားခဲ့မယ်​ဆိုရင်​​တော့ တ​ယောက်​​ယောက်​ လာမဖွင်​့​ပေးမခြင်း လုံးဝပြန်​ထွက်​လို့ရ​တော့မှမဟုတ်​သလို တံခါးက ရာဘာ seal ​တွေ​ကြောင်​့ သင်​့ရဲ့အကူအညီ​တောင်းသံ ​တော်​ရုံအနားက လူ​တွေကြားနှိုင်​​တော့မှာမဟုတ်​ပါဘူး။ . အထူးသဖြင်​့ က​လေးငယ်​​တွေဟာ စွန်​့ပြစ်​ထားတဲ့​ရေခဲ​သေတ္တာ​တွေထဲ ဝင်​ကစားကြရင်း မကြာခဏဆိုသလို ​ပိတ်မိကာ ​အသက်​ရှုကြပ်​​သေဆုံးမှု​တွေဖြစ်​ခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့  ၁၉၅၁ ခုနှစ်​က အ​မေရိကန်​နိုင်​ငံ ကယ်​လီဖိုးနီးယားပြည်​နယ်​မှာ ​ရေခဲ​သေတ္တာ​တွေကို စည်းကမ်းမဲ့စွန်​့ပစ်​ခြင်းမပြုလုပ်​ဖို့ စွန်​့ပစ်​မယ်​ဆိုရင်​လည်း တံခါး​တွေကိုဖြုတ်​ပြီးမှာ စွန်​့ပစ်​ကြဖို့ ဥပ​ဒေတစ်​ရပ်​ပြဌာန်းကာ တားမြစ်​ခဲ့ပါတယ်​။ ...