အသက် ၆၀ ကျော်အဖွားအိုတစ်ဦးဟာ လူပေါင်း ၁၀ ယောက်ကျော်ကိုသတ်ခဲ့တယ်ဆိုတာ တကယ်မယုံနှိုင်စရာပါ။ အဲဒီထက် ပိုပြီး အံသြထိတ်လိန့်ဖွယ်ကောင်းတာကတော့ သူမဟာ သတ်ခဲ့တဲ့လူတွေရဲ့အသားကို ချက်ပြုတ်စားသောက်သေးတယ်ဆိုတာပါပဲ.....
.
Tamara Samsonova ကို ၂၀၁၅ ခုနှစ် သူမအသက် ၆၈ နှစ် အရွယ်မှာ St Peterburg က လူသတ်မှုတစ်ခုနဲ့ သံသယရှိသူအဖြစ် ရှရှားရဲကဖမ်းစီးခဲ့ပါတယ်။ အဲဒီနောက်သူအိမ်ကိုစစ်ဆေးတဲ့ အခါ သူ့ရဲ့ဒိုင်ယာရီထဲ အခြားလူသတ်မှုတွေကိုပါ ဖော်ထုတ်နှိုင်ခဲ့ပါတယ်။ ဒီ နှစ် ၂၀ အတွင်း လူပေါင်း ၁၁ ယောက်ကိုသတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီထက်လည်းပိုနှိုင်တယ်။ သူမဟာ သတ်မယ့်သူတွေကို ဆေးခတ်ပြီးသတ်တာပါ။ အဲဒီနောက် အလောင်းတွေကို ဖြတ်တောက်ပြီး ချက်ပြုတ်စားတယ်။ တချို့ကိုလည်း ပလက်စတစ်အိတ်နဲ့ထုတ်ပြီး လွှတ်ပစ်ပါသတဲ့။ သူမရဲ့ယောက်ကျားဟာလည်း အဲဒီအသတ်ခံရသူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပါတယ်

Comments
Post a Comment