စာရေးဆရာ Morgan Robertson က ၁၈၉၈ ခုနှစ်က Futility, or the Wreck of the Titan ဆိုတဲ့ဝတ္ထုကိုရေးခဲ့ပါတယ်။
.
ဇာတ်လမ်းကတော့ Titan ဆိုတဲ့ သင်္ဘောကြီး ဟာသူ့ရဲ့ပထမဆုံးခရီးစဉ် Maiden Voyage မှာနစ်တဲ့အကြောင်းပါ။
.
အဲဒီစာအုပ်ထွက်ပြီး ၁၄ နှစ်အကြာမှာ သူ့ဇာတ်လမ်းထဲက Titan ဆိုတဲ့နာမည်နဲ့ ခပ်ဆင်ဆင် ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်ပါတယ်။
.
Titanic ဟာလည်း ဇာတ်လမ်းထဲကလို့ပဲ သူရဲ့ပထမဆုံးခရီးစဉ် Maiden Voyage မှာနစ်မြုပ်ခဲ့ပါတယ်။
.
ဝတ္ထုဇာတ်လမ်းထဲမှာလည်း Titan ကို မနစ်နိုင်တဲ့ သင်္ဘောကြီးလို့ခေါ်တယ်ဆိုပြီး ပါသလို အပြင်က Titanic သင်္ဘောကြီးကိုလည်း အဲဒီအချိန်က သတင်းစာတွေမှာ unsinkable မနစ်မြုပ်နိုင်တဲ့ သင်္ဘောကြီးလိုတင်စားခဲ့ကြပါတယ်။
.
ဇာတ်လမ်းထဲက Titan သင်္ဘောဟာ ဗြိတိသျှကုမ္မဏီပိုင် ဖြစ်ပြီး ပေ ၈၀၀ ခန့် ရှည်တဲ့ သင်္ဘောဖြစ်ပါတယ်။ အပြင်က Titanic သင်္ဘောဟာလည်း ဗြိတိသျှကုမ္မဏီပိုင် သင်္ဘောဖြစ်ပြီး ပေ ၈၀၀ ခန့်ရှည်ပါတယ်။
.
ဇာတ်လမ်းထဲက Titan ဟာ ရေခဲတုံးကြီးကိုတိုက်မိပြီး နစ်တာဖြစ်သလို အပြင်က Titanic ဟာလည်း ရေခဲတုံးကြီးကို တိုက်မိပြီးနစ်တာပါပဲ။
.
ဇာတ်လမ်းထဲက Titan ဟာ ဧပြီလညတစ်ညမှာ newfoundland နဲ့ မိုင်လေးရာအကွာခန့်မှာ နစ်မြုပ်ခဲ့တယ်လို့ရေးထားပြီး။ Titanic နစ်မြုပ်ခဲ့တာကလည်း ၁၉၁၂ ဧပြီလ ၁၅ ရက်နေ့ ည Newfoundland နဲ့ မိုင် ၄၀၀ ခန့်အကွာမှာပဲဖြစ်ပါတယ်။


Comments
Post a Comment