The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...
ရောမတွေရဲ့ အဓိက အိမ်သာနတ်ဘုရားကတော့ Crepitus ပါ။ Crepitus အိမ်သာတင်မကပါဘူး မစင် ကိုရော လေလည်ခြင်းကိုပါ စောက်ရေှာက်တဲ့နတ်ဘုရားပါ။ ရောမတွေမှာ အီးနတ်ရှိတယ်နော။ အကယ်၍များ တစ်စုံတစ်ယောက်ဟာ ဝမ်းလျောတာတို့ လေပွတာတို့ဖြစ်ပြီးဆိုရင် Crepitus ဆီမှာ သက်သာအောင်ဆုတောင်းရပါတယ်။
________________________________________________________________________________________
ရောမတွေရဲ့ မိလ္လာနတ်ကတော့ Cloacina ပါ။ အိမ်သာတွေပိတ်ဆို့တာ မိလ္လာလျှံတာတွေမဖြစ်အောင် စောင့်ရှောက်တဲ့နတ်ပါ။ အိမ်သာ ပိတ်တာဖြစ်ရင် သူဆီမှာဆုတောင်းရပါတယ်။ ရောမအင်ပါယာရဲ့ မိလ္လာစနစ်ဟာ သူအပေါ်မှာ အများကြီးမှီခိုနေပြီး ဒါကိုတိုင်းသူပြည်သားတွေ အမြဲအမှတ်ရနေအောင် BC ၈ရာစုက ဘုရင် Titus Tatius ဟာ Colacina ဗိမာန်ကို ဆောက်လုပ်လှုဒါန်းဖူးပါတယ်။
_____________________________________________________________________________________________
Stercutius ကတော့ရောမမှာအရေးပါတဲ့နတ်တစ်ပါးပါ။ သူဟာ လူနဲ့တိရိစ္ဆာန် မစင်တို့ရဲ့ နတ်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းအောင် စောင့်ရှောက်တဲ့နတ်လည်းဖြစ်ပါတယ်။
_____________________________________________________________________________
ဘာကြောင့် ရောမတွေမှာ အိမ်သာနဲ့ ပတ်သတ်တဲ့ နတ်တွေများလဲ?
ရောမတွေဟာ ပုံမှန်အားဖြင့် အိမ်သာကိုကြောက်ပါတယ်။ သူတို့အယူအရ အိမ်သာ မစင်တွင်းတွေ မိလ္လာမြောင်းတွေထဲမှာ မကောင်းဆိုးဝါးတွေ နတ်ဆိုးတွေနေကြတယ်လို့ အယူရှိပါတယ်။ အိမ်သာတက်တဲ့အချိန်မှာ အောက်ထဲက မကောင်းဆိုးဝါးတွေကလူကို တိုက်ခိုက်ဖို့အလွယ်ကူဆုံးအချိန်လို့ လည်းအယူုရှိပါတယ်။ ဒါကြောင့် အိမ်သာတက်တဲ့အချိန်မှာ အားကိုးစရာအဖြစ် အိမ်သာနတ်တွေကို ပူဇော်ကြပါတယ်။ အိမ်သာနတ်တွေဟာ အိမ်သာမပိတ်အောင်၊ ကျန်းမာရေးကောင်းအောင်၊ စိုက်ပျိုးရေးဖြစ်ထွန်းအောင်၊ အိမ်သာတက်တဲ့အချိန် မကောင်းဆိုဝါးတွေရဲ့ ရန်က ကင်းဝေးအောင် စောက်ရှောက်တယ်လို့ အယူရှိကြပါတယ်။
__________________________________________________________________________________________________




Comments
Post a Comment