ဒီလူငယ်နှစ်ယောက်ရဲ့ဓာတ်ပုံဟာ လက်ထဲမှာ ပလက်စတစ် ခွက်ကို ကိုင်ထားတဲ့အတွက် house party တစ်ခုမှာရိုက်ထားတာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာကလွဲလို့ ဘာမှတော့ထူးထူးခြားခြား မရှိလှပါဘူး။
ဒါပေမယ့် အဲဒီဓာတ်ပုံရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ရာဇာတ်လမ်းတစ်ခုရှိပါတယ်။
.
ဓာတ်ပုံထဲက အကျင်္ ီအမဲနဲ့တစ်ယောက်က Tyler Hadley ဆိုသူဖြစ်ပြီး ၂၀၁၁ ဇူလိုင် ၂၁ ရက်နေ့က သူ့အိမ်မှာ လုပ်တဲ့ house party မှာရိုက်ထားတာဖြစ်ပါတယ်။
.
အဲဒီပါတီကို သူငယ်ချင်းအပေါင်းအသင်း ၆၀ လောက်လာခဲ့ပါတယ်။
.
အိမ်မှာ ဒီလိုပါတီမျိုးပေးဖို့ ခွင့်ပြုတဲ့ Tyler ရဲ့မိဘတွေဟာ အင်မတန် သဘောကောင်းသူတွေလို့ထင်ကောင်းထင်ပါလိမ့်မယ်။
.
အဲလိုမဟုတ်ပါဘူး ..
.
Tyler ဟာ သူရဲ့ မိဘနှစ်ပါးစလုံးကို အဲဒီနေ့မနက်ကပဲ တူနဲ့ထုသတ်ခဲ့ပြီး ပါတီပွဲကျင်းပနေချိန် အလောင်းတွေကို အိပ်ခန်းအတွင်းမှာ သိမ်းထားခဲ့ပါတယ်။
.
အဲဒီညမှာပဲ Tyler ဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို သူ့ရဲ့မိဘတွေကို သတ်ပြီး အခန်းထဲမှာထားထား တဲ့အကြောင်းဖွင့်ပြောခဲ့ပြီး နောက်တစ်နေ့မနက်မှာ အဖမ်းခံခဲ့ရပါတယ်။
.
Tyler ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့အချိန်မှာ ၁၈ နှစ်မပြည့်သေးတဲ့အတွက် သေဒဏ်ပေးလို့မရပဲ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်


Comments
Post a Comment