1980 ဝန်းကျင်ခန့်က တောင်အာဖရိကနိုင်ငံမှ အရူးထောင်တစ်ခုက လူနာ ၂ဝကို အခြားမြို့က အရူးထောင်တစ်ခုဆီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
.
လမ်းခုလတ်တနေရာအရောက်မှာတော့ လူနာတွေကို တင်ဆောင်မောင်းနှင်လာတဲ့ ကားဒရိုင်ဘာဟာ ကားကိုရပ်ပြီး သောက်ရေဆင်းဝယ်ပါသတဲ့။
.
ဒါပေမယ့် သူကားဆီပြန်လာတဲ့အခါမှာတော့ ကားပေါ်မှာပါလာတဲ့ စိတ်ရောဂါဝေဒနာသယ်တွေ တစ်ယောက်မှ မရှိတော့ပါဘူး။ တံခါးလော့ကို ဖျက်ပြီးအကုန်ထွက်ပြေးသွားကြပါပြီ။
.
ဒါနဲ့ ကားသမားဟာ သူ့အလုပ်ပြုတ်မှာကြောက်တာနဲ့ တစ်မျိုးကြံပါသတဲ့။
သူဟာ အနီနားက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ သာမန်ဘက်စ်ကားတစ်စီးပုံစံမျိုးနဲ့ ဝင်ရပ်ပါတယ်။
.
ကားစီးဖို့စောင့်နေတဲ့သူတွေလည်း ဘက်စ်ကားလာတော့ တက်ကြတာပေါ့။ ဒီလိုနဲ့ လူ၂၀ ပြည်တဲ့အခါမှာ သူသွားရမယ့် အရူးထောင်ဆီကို တံခါးပိတ်ပြီး မောင်းပါတော့တယ်။
.
အဲဒီနောက် ဆေးရုံတာဝန်ရှိသူတွေကို အခု လာပို့တဲ့ လူနာတွေဟာ အန္တရယ်ရှိကြောင်း မကြာခဏ အကြမ်းဖက်တတ်ကြောင်းသတိပေးပြီး လွှဲပြောင်းပေးခဲ့ပါတယ်။
.
ရိုးရိုးဘက်စ်ကားထင်ပြီး လိုက်စီးတဲ့ လူကောင်းတွေမှာတော့ ဘယ်လိုမှရှင်းပြမရပဲ အရူးထောင်ထဲကို ရောက်ကုန်ပါတော့တယ်။
.
နောက်ပိုင်းမှ အဲဒီလူတွေထဲက တဝက်ကျော်ေျကျာ်လောက်ဟာ တကယ်ရူးကုန်ပြီး လွတ်သွားတဲ့ သူတွေကိုတော့ ယနေ့အထိ ဖမး်မမိခဲ့ဘူးလို့ဆိုပါတယ်။

Comments
Post a Comment