The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...
တစ်ပြည်တစ်ခုနဲ့တစ်ခု ချစ်ကြည်ရေးတည်ဆောက်ရန်အတွက် သံခင်တမံခင်းအရ လက်ဆောင်ပဏာ ပေးအပ်ခြင်းဟာလည်း အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်.
၁၈၆၀ ခုနှစ်က အင်္ဂလန်ဘုရင်မကြီးထံကို မြန်မာဘုရင် မင်းတုန်းမင်းကြီးက လက်ဆောင်ပဏာ တစ်ခုပေးပို့ခဲ့ဖူးပါတယ်..
.
.
. အဲ့ဒီလက်ဆောင်ကတော့ ရွှေသားအတိနဲ့ပြုလုပ်ထားတဲ့ ထွေးခံတစ်လုံးပါ
.
အင်္ဂလန်ဘုရင်မကြီးကလည်း အဲဒီလက်ဆောင်အင်မတန်သဘောကျပါသတဲ့
အဲဒါကြောင့်ဘုရင်မကြီးဟာ လက်ဆောင်ရရခြင်းပဲ မင်းတုန်းမင်းကြီးထံ အောက်ပါတအတိုင်း စာပြန်လိုက်ပါတယ်...
.
" မြန်မာဘုရင်ပေးအပ်သော ရွှေပန်းအိုးကို ကောင်းစွာလက်ခံရရှိပါသဖြင့် ကျေးဇူးတင်လှပါသည်။"
ref: ကုန်ဘောင်ရှာပုံတော် - ညို မြ

Comments
Post a Comment