Starfish prime
အမေရိကန်နိုင်ငံ က အာကာသအတွင်း နူကလီးယားဗုံးဖောက်ခွဲစမ်းသပ်မှု ငါးကြိမ်ပြုလုပ်ခဲ့ပြီး Starfish Prime ဟာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။
Starfish Prime နူကလီယားဗုံး ဖောက်ခွဲစမ်းသပ်မှုကို ၁၉၆၁ ခုနှစ်က ပစ္စိဖိတ်သမုဒ္ဒရာအပေါ် ပင်လယ်ရေမျက်နှာပြင်အထက် မိုင် ၂၅၀ မှာပြုလုပ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဟာပြင်းအားဟာ TNT ယမ်း ၁.၄ မက်ဂါတန် နဲ့ ညီမျှပြီး လူလုပ်တဲ့ အာကာသတွင်းဖောက်ခွဲမှုတွေထဲက အင်အားအပြင်းဆုံးပေါက်ကွဲမှုတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုကြီးကြောင့် ထင်ထားတာထက် တွက်ချက်ထားတာထက်ပိုကြီးမားတဲ့ EMP ( electromagnetic pulse ) ထွက်ပေါ်ခဲ့ပြီး 1445 ကီလိုမီတာ အကွာဟာဝါရီကျွန်းက လမ်းမီးတိုင် မီးလုံးများ၊ ဖုန်းလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး လုံးခြုံရေး alarm တွေအကုန်ထမြည်ကုန်ပါတယ်။
အဲဒါထက်ပိုဆိုးတာက နေကလာတဲ့ Solar wind တွေ အာကာသထဲက radiation လှိုင်းတွေကို ကမ္ဘာပေါ်မကျရောက်အောင် အကာအကွယ်ပေးနေတဲ့ ကမ္ဘာသံလိုက်စက်ကွင်းအပေါ်မှာလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဗုံးကထွက်လာတဲ့ High-energy electron တွေဟာကမ္ဘာပတ်လမ်းထဲမှာ radiation belt တစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့ပြီး ငါးနှစ်တိုင်တိုင် ကမ္ဘာပတ်လမ်းထဲက ဂြိုလ်တုတွေကို ဒုက္ခပေးပါတော့တယ်။ ဒီ radiation belt ကြီးကြောင့် ငါးနှစ်အတွင်း low earth orbit ထဲက ဂြိုလ်တု သုံးပုံတစ်ပုံလောက်ပျက်စီးခဲ့ရပါတယ်။
ဒိထက်သာ အနည်းငယ်ပိုပြီး ကမ္ဘာသံလိုက်စက်ကွင်းကို ထိခိုက်ခဲ့မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံး အာကာသဓာတ်ရောင်ချည်သင့်မှု ခံစားရတဲ့အထိ ဆိုးရွားသွားနှိုင်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။

Comments
Post a Comment