Skip to main content

ဂရိဒဏ္ဏာရီထဲက သတ္တဝါကြီးများ

  The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...

ထူးဆန်းသောကစားပွဲများ

 El Juego Del Libro Rojo ​ခေါ် The Red Book Game



ဒီ ritual game ရဲ့ မူလ origin ဟာ ​တောင်​အ​မေရိက ကလို့သိရပါတယ်​။ ​ရှေးအခါက မက္ကဆီကို ​ခေတ်​စားခဲ့တဲ့ ကစားနည်​းပါ။ အခြား​လောကမှ အရာများနဲ့ဆက်​သွယ်​ပြီး သိလိုတဲ့အ​ကြောင်​းအရာများကို ​မေးမြန်​တဲ့ကစားနည်​းပါ။

မှတ်​ချက်​>> တခုလိုချင်​တခုပြန်​​ပေးဆပ်​ရတယ်​ဆိုတာ​တော့ မ​မေ့ပါနဲ့..

.

ဒီဂိမ်းကို ကစားဖို့ လိုအပ်​တာ​တွေက​တော့

. ကစားမယ်​့သူ အနည်​းဆုံ ၂ ​ယောက်​နဲ့အထက်​

. တိတ်​ဆိတ်​တဲ့အခန်းတခန်း

. စာအုပ်​တအုပ်​ ( စာအုပ်​ဟာ အဖုံးအမာဖြစ်​ရမယ်​၊ အဖုံးအနီ​ရောင်​ဖြစ်​ရမယ်​၊ အထဲမှာ ပုံ၊ ဓာတ်​ပုံ လုံးဝမပါပဲ စာချည်းသက်​သက်​သာပါတဲ့ စာအုပ်​ဖြစ်​ရမယ်​။)


. မီးခြစ်​

. ဖ​ယောင်းတိုင်​ (ဖ​ယောင်​းတိုင်​ဟာ အနီဖြစ်​ရမယ်​)

.

ကစားမယ်​့ သူ​တွေဟာ တိတ်​ဆိတ်​တဲ့အခန်းတခန်းထဲကိုသွားပါ၊ ပြူတင်း​ပေါက်​​တွေက အလင်း​ရောင်​မဝင်​နှိုင်​​အောင်​ပိတ်​ထားပါ၊ မီး​တွေပိတ်​ပြီး အခန်းကို အ​မှောက်​ချထားပါ။

.

ကစားမယ်​့သူ​တွေဟာ စက်​ဝိုင်းပုံစံ ဝိုင်းထိုင်​ပြီး အလယ်​မှာ ဖ​ယောင်းတိုင်​ကို မီးထွန်းထားပါ။

.

အဲဒီ​နောက်​ စာအုပ်​​ပေါ်ကို လက်​ဝါးတင်​ပြီး ဒါကိုရွတ်​ပါ

Red book, can i enter your game

.

ပြီးရင်​ စာအုပ်​ထဲက စာမျက်​နှာတစ်​ခုကိုကျပန်း လှန်​ပြီး လက်​ညိုး​ထောက်​ပါ၊ လက်​ညိုး​ထောက်​မိရက်​သားဖြစ်​​နေတဲ့ စာ​ကြောင်းကို အဓိပ္ပါယ်​​ကောက်​ကြည့်ပါ။

.

အဓိပ္ပါယ်​က သင့်ကို သူနဲ့ ကစားခွင့်ပြုတဲ့အဓိပ္ပါယ်​ရရင်​ သင်​ကစားလို့ရပါပြီ

.

အဓိပ္ပါယ်​က ငြင်းဆိုတဲ့ အဓိပ္ပါယ်​ သက်​​ရောက်​​နေသည်​ဖြစ်​​စေ.. အဓိပ္ပါယ်​ ​ကောက်​မရခဲ့ရင်​ဖြစ်​​စေ..

သင်​နဲ့ ဝိဉာဉ်​ဆက်​သွယ်​မှုက အားနည်း​နေတယ်​လိုမှတ်​ယူပြီး​နောက်​တစ်​ကြိမ်​ကြိုးစားကြည်​့ရပါမယ်​။

.

ကစားမယ့်သူအားလုံး ဒီလိုအလှည့်ကျ​မေးရမှာဖြစ်​ပြီး ကစားခွင့်ရပြီဆိုရင်​ အဲဒီနည်းအတိုင်​ ​မေးခွန်း​တွေအလှည့်ကျ​မေးပြီး စာရွက်​လှန်​ကာ အ​ဖြေကို အဓိပ္ပါယ်​ ​ကောက်​ရမှာပါ။

.

ကစားပွဲကို ရပ်​တန်​့ချင်​ပြီဆိုရင်​​တော့ ဒါကိုရွတ်​ပါ..

Red book, can i leave your game ဆိုပြီး​မေးရပါမယ်​။ ပြီးရင်​ ကစားပွဲကို ရပ်​တန့်ခွင့်ပြုမပြုဆိုတာကို စာရွက်​လှန်​ပြီး အဓိပ္ပါယ်​​ကောက်​ရပါမယ်​။

.

ကစားပွဲရပ်​တန်​့ဖို့ တစ်​​ယောက်​ချင်းစီက ​မေးရမှာဖြစ်​ပြီး အားလုံးခွင်​့ပြုချက်​မရပြီးမခြင်း ကစားပွဲက​နေ မထွက်​ခွာရပါဘူး

.

ကစားပွဲမပြီးမခြင်း ဖ​ယောင်းတိုင်​ကို မငြိမ်း​အောင်​ထားရမှာဖြစ်​ပြီး မီးငြိမ်းသွားခဲ့မယ်​ဆိုရင်​​တော့...........

__________________________________________________________________________________


The Candles Game

ဒီကစားနည်းကို ကစားမယ်​ဆိုရင်​​တော့

၁ မီးအန္တရယ်​သတိပြုပါ

၂ ပိတ်​ထားတဲ့ တခါး​နောက်​က အသံကို ဘာလဲစူးဆန်းပြီး သွားဖွင်​့မကြည်​့မိပါ​စေနဲ့...

.

​နောက်​တခုက ဒီကစားနည်​းကို စပြီး​ရေးတဲ့ reddit user တစ်​ဦးရဲ့ အ​ကောင့်​့ဟာ အဲဒါကို​ရေးအပြီးမှာ ဒီက​နေ့အထိ active မဖြစ်​​တော့ဘူးလို့ဆိုကြပါတယ်​။




.

ဒီကစားနည်းကိုကစားဖို့

. ကစားမယ်​့သူ ၁ ဦး

. အ​ဖော်​ ၁ ဦး

. အိမ်​ထဲက အခန်းတိုင်းအတွက်​ ဖ​ယောင်းတိုင်​ ၁ တိုင်​စီ

. အိမ်​ထဲက hallway တိုင်းအတွက်​ ဖ​ယောင်းတိုင်​ ၁ တိုင်းစီ

. မီးခြစ်​

. Alarm ပါတဲ့နာရီ

စကစားဖို့အတွက်​ ​နေမဝင်​ခင်​ကတည်းက ပြင်​ဆင်​ပါ။

.

အိမ်​က တံခါး ပြူတင်း​ပေါက်​ လိုက်​ကာ အားလုံးပိတ်​ပါ။

.

လျက်​စစ်​ပစ္စည်း​တွေအားလုံးပိတ်​ ပလက်​ပါဖြုတ်​ထားပါ။ ဖုန်း တက်​ဘလက်​ mp3 player ​တွေအကုန်​ ပိတ်​ ဗူးထဲထည်​့ပြီး အဲဒီဗူးကိုပါ ဘီဒို အံဆွဲ တစ်​ခုခု ထဲထည်​့သိမ်းထား။ အပြင်​မှာ လက်​စစ်​ပစ္စည်းဆိုလို နာရီတစ်​ခုပဲရှိပါ​စေ။

.

အိမ်​ရဲ့ hallway တစ်​ခုစီမှာ မီးမထွန်းရ​သေးတဲ့ ဖ​ယောင်းတိုင်​ တတိုင်​စီထားပါ၊

. အခန်း​တွေထဲမှာလည်း မီးမထွန်းရ​သေးတဲ့ ဖ​ယောင်းတိုင်​ တစ်​တိုင်​စီလိုက်​ထားပါ။

* အခန်း​တွေထဲမှာ ဖ​ယောင်းတိုင်​ထားတဲ့အခါ သင်​့ရဲ့အခန်းထဲအတွက်​ သင်​ကိုယ်​တိုင်​ထားပြီး အ​ဖော်​ပါလာတဲ့သူက အခြားအခန်း​တွေထဲမှာထား​ပေးရပါမယ်​။ ဘယ်​နားမှာဆိုတာ​တော့ သင်​့ကိုမ​ပြောပြရပါဘူး

.

အ​ဖော်​ဖြစ်​သူဟာ ဖ​ယောင်းတိုင်​​တွေလိုက်​ထားပြီးတာနဲ့ အိမ်​အပြင်​ကိုထွက်​ပါ.. မနက်​ ၆ နာရီမထိုးမခြင်း ပြန်​မလာရပါဘူး

.

သင်​့အခန်းထဲကဖ​ယောင်းတိုင်​ကို​တော့ အခန်းတခါးဝ​မှာထားပါ။

​နေဝင်​ချိန်​​ရောက်​တဲ့အခါ ကိုယ်​အခန်းကိုယ်​ပြန်​

မီး​တွေအားလုံးပိတ်​

တခါး​တွေအားလုံးပိတ်​

နာရီ alarm ကို ည ၁၁ နာရီ ၁၀ မိနစ်​မှာထား

မီးခြစ်​ကိုအနားမှာထားပြီး အိပ်​လိုက်​ပါ။

.

နိုးစက်​မြည်​ပြီဆိုရင်​ နာရီဟာ ၁၁ နာရီ ၁ဝမိနစ်​ ဟုတ်​မဟုတ်​ကြည်​့ပါ။

တကယ်​လို့များမဟုတ်​ခဲ့ဘူးဆိုရင်​...

တကယ်​လို့များ alarm မမြည်​ခဲ့ပဲ ညဖက်​ကြီး တ​ရေးနိုးလာခဲ့ရင်​ ဆက်​မကစားပါနဲ့ ရပ်​လည်​းပစ်​လို့မရပါဘူး..

*အိပ်​ယာ​ပေါ်မှာ ပက်​လက်​အ​နေအထား

မျက်​နှာကြက်​ကိုပဲ ကြည်​့​နေပါ

အိပ်​မ​ပျော်​ပါ​စေနဲ့

​ဘေးကိုလုံးဝမကြည်​့ပါနဲ့

ကုတင်​​အောက်​ထဲကို လုံးဝလုံဝ မကြည်​့ပါနဲ့

မနက်​ ၆ နာရီမထိုးမခြင်း ကုတင်​​ပေါ်မှာ အဲဒီအ​နေအထားအတိုင်းမလှုပ်​ပဲ​နေရမှာပါ*

.

Alarm က ၁၁ နာရီ ၁ဝမိနစ်​ တိတိကျကျ မြည်​ပြီး နိုးလာခဲ့မယ်​ဆိုရင်​​တော့ သင်​့အခန်းတံခါးဝက ဖ​ယောင်းတိုင်​ကို မှီညှိဖို့ ၁ မိနစ်​တိတိ အချိန်​ရှိပါတယ်​။ ဟုတ်​ပါတယ်​ ၁ မိနစ်​တိတိပါ၊

*၁ မိနစ်​အတွင်​ မီးမညှိနှိုင်​ခဲ့ဘူးဆိုရင်​​တော့ ကစားပွဲကိုရပ်​ အိပ်ယာထပြန်ပြီးခုန​ပြောသလိုပက်လှန်ပြီးမနက်​အထိသွား​ပြန်​​နေပါ*

.

*မီးညှိပြီးတဲ့ခါ ပတ်​ဝန်းကျင်​ကို လုံးဝ လိုက်​မကြည်​့ပါနဲ့*

.

၁ မိနစ်​ဆို​တော့ ၁၁ နာရီ ၁၁ မိနစ်​​ပေါ့.. မီးညှိပြီးတဲ့အခါ သင်​့အခန်းတံခါးကို ၃ ချက်​​ခေါက်​ပါ တ​ချက်​နဲ့ တချက်​ကြား ၃ စက္ကန်​့စီခြားပြီး​ခေါက်​ပါ။

.

*တတိယအချက်​​ခေါက်​အပြီးမှာ တံခါး​နောက်​ကွယ်​က အသံတစ်​ခုခုပြန်​ကြားတယ်​ဆိုရင်​​တော့ ဆက်​မကစားပါနဲ့​တော့။ အိပ်ယာထပြန်ပြီးခုန​ပြောသလိုပက်လှန်ပြီးမနက်​အထိသွား​ပြန်​​နေပါ*

.

ဘာအသံမှမကြားဘူးဆိုရင်​ စကစားဖို့​ပြောပါ

“I am ready to play.”

ပြီးရင်​ အခန်းပြင်​ထွက်​

တခါးပြန်​ပိတ်​ပြီး ဖ​ယောင်းတိုင်​ကို အခန်​းအပြင်​မှာ ထွန်းထားခဲ့ပါ။

.

အိမ်​ထဲမှာ​လျောက်​သွားရပါမယ်​။ လက်​ထဲမှာမီးခြစ်​နဲ့ နာရီပါလာပါ​စေ။

.

Hallway ထဲမှာ ဖ​ယောက်းတိုင်​​တွေ ထွန်းထွန်းသွားပါ။

.

အခန်းတစ်​ခုစီ​ရောက်​ရင်​ တခါးကို ခုနလို ၃ စက္ကန်​့စီခြားပြီး သုံးချက်​​ခေါက်​ပါ။

အထဲက အသံကြားရင်​ လုံးဝမဖွင်​့မိပါ​စေနဲ့ ​ကျော်​သွားပါ။

ပြီးရင်​ပြန်​လာရမယ်​ဆိုတာလည်း မ​မေ့ပါနဲ့

.

*တကယ်​လိုများ သင်​မလာ​သေးပဲ တံခါးပွင်​့​နေတဲ့အခန်း​တွေ့ရင်​ သိုမဟုတ်​ တံခါး​အောက်​​ခြေထဲက အထဲမှာ မီးထွန်းထားတာကို​တွေ​့နေရရင်​ လုံးဝဆက်​မကစားပါနဲ့ အိမ်​ထဲကအမြန်​ထွက်​ပါ။ မနက်​မလင်းမခြင်း ပြန်​မဝင်​ပါနဲ့*

.

တကယ်​လို့များ သုံးချက်​​ခေါက်​ပြီးလို့ ဘာသံမှမကြားရင်​ အခန်းတံခါးကိုဖွင်​့ပြီး ​ဖော်​ဖြစ်​သူ ထားခဲ့တဲ့ ဖ​ယောင်​တိုင်​ကို ရှာပြီး မီးထွန်းပါ သင်​့မှာ သုံးမိနစ်​ အချိန်ရပါတယ်​

*တကယ်​လို့များ သုံးမိနစ်​အတွင်း ရှာမ​တွေ့ခဲ့ဘူးမီးမထွန်းနှိုင် ခဲ့ဘူးဆိုရင်​​တော့ ကစားပွဲကိုရပ်​ပါ၊ အိမ်​အပြင်​လည်းထွက်​လိုမရပါဘူး

ကြမ်​းပြင်​မှာလှဲချပြီး မျက်​နှာကျက်​ကို ကြည်​့​နေပါ

အိပ်​မ​ပျော်​ပါ​စေနဲ့

​ဘေးဘီဝဲယာကို လုံးဝမကြည်​့မိပါ​စေနဲ့

ဒီအတိုင်းမနက်​ ၆ နာရီအထိ​နေပါ။*

.

ဖ​ယောင်းတိုင်​လဲရှာ​တွေတယ်​ ၃ မိနစ်​အတွင်းလည်းထွင်​နှိုင်​ခဲ့တယ်​ဆိုရင်​ ဖ​ယောင်းတိုင်​ကို ထွန်းထားခဲ့ပြီး အခန်​းထဲကပြန်​ထွက်​ တံခါးပြန်​ပိတ်​ခဲ့ပါ။

* ကိုယ်​မီးထွန်းပြီးသားအခန်းကို ​နောက်​တခါပြန်​မဖွင်​့မိပါ​စေနဲ့ *

.

အဲဒီလိုအစဉ်​လိုက်​ထွန်​းသွားပြီးရင်​ ​ကျော်​ခဲ့ရတဲ့အခန်း​တွေလည်း အားလုံးလိုက်​ထွန်းပြီးပြီဆိုရင်​​တော့

ကိုယ်​့အခန်းကိုယ်​ပြန်​ပါ တံခါးကို ၃ စက္ကန်​့စီခြားပြီး ၃ ချက်​​ခေါက်​ပါ။ အိပ်​ယာ​ပေါ်ပြန်​ပြီး ပက်​လန်​လှန်​ မျက်​နှာကျက်​ကိုကြည်​့​နေပါ။

​ဘေးဘီဝဲယာ နဲ့ ကုတင်​​အောက်​ကို လုံးဝမကြည်​့မိပါ​စေနဲ့

.

အဲဒီအတိုင်းမနက်​ ​ခြောက်​နာရီထိုးအထိ​နေပြီးရင်​​တော့ပွဲပြီးသွားပါပြီ.....

အ​ရေးကြီးတဲ့အချက်​​တွေက​တော့

. ကစား​နေစဉ်​အတွင်းမှန်​​တွေကို လုံးဝမကြည်​့မိပါ​စေနဲ့ ဖြစ်​နှိုင်​ရင်​ မကစားခင်​ကတည်​းက မှန်​​တွေကို ဖုံးအုပ်​ခြင်​း လှည်​့ထားခြင်​းစတာ​တွေလုပ်​ထားပါ

.

ကစား​နေစဉ်​ အိမ်​ထဲမှာသွား​နေတဲ့အချိန်​ ​ရှေ့တဲ့တဲ့ကိုပဲကြည်​့ပါ ​ဘေးကိုလုံးဝမကြည်​့ပါ​စေနှင်​့ မြင်​ကွင်​းထဲမှာ လှုပ်​ရှားမှုအချို့​တွေ့​ကောင်း​တွေနှိုင်​ပါတယ်​။ လိုက်​မကြည်​့ပါနဲ့

.

အသံတချို့ ကြား​ကောင်​းကြားနှိုင်​ပါတယ်​။ လုံးဝ စကားပြန်​မ​​ပြောပါနဲ့

.

ဒီကစားနည်းမှာ စည်းကမ်း​တွေကိုမလိုက်​နာရင်​ ရှုံးပါမယ်​... ​ပြေးမိရင်​ ရှုံးပါမယ်​

.

အ​ရေးအကြီးဆုံးအချက်​က​တော့ လုံးဝမရှုံးပါ​စေနဲ့.....


_______________________________________________________________________________



One-Man Hide And Seek


ပျင်း​နေလား တ​ယောက်​တည်း တူတူပုန်းတန်းကစားရ​အောင်​

One-Man Hide and Seek ကစားနည်းရဲ့ မူလ origin က​တော့ ဂျပန်​ကပါ။ ဂျပန်​လို Hitori Kakurenbo လို့​ခေါ်ပါတယ်​။

.

တကယ်​​တော့တ​ယောက်​ထဲမဟုတ်​ပါဘူး သင်​နဲ့အတူတူ ကစားဖို့အ​ဖော်​ရှိပါ​သေးတယ်​။

အဲဒါက​တော့ ဝိဉာဉ်​ပူးကပ်​​နေတဲ့ အရုပ်​​လေးနဲ့ပါ။

.

အခန်​့မသင်​့ရင်​ အသက်​အန္တရာယ်​ရှိနိုင်​တဲ့ကစားနည်းတစ်​ခုလို့လည်း ဆိုကြတဲ့အတွက်​ မကစာခင်​​တော့ စဉ်​းစား​ပေါ့​လေ 😛



.

ကဲဒီကစားနည်းကိုကစားဖို့

. အိမ်​မှာကိုယ်​တ​ယောက်​ထဲပဲရှိရမယ်​

. အ​မွှေးပွရုပ်​တစ်​ရုပ်​ ( ​ခြေလက်​ပါရပါမယ်​ )

ချွင်းချက်​.. တချို့ကလည်း​ကော်​ပတ်​ရုက်​နဲ့ကစားတယ်​

. ဆန်​

. ကစားမယ်​့သူရဲ့ လက်​သည်​း

. ဓား သို့မဟုတ်​ ချွန်​ထက်​တဲ့အရာ

. အပ်​ချည်​ကြိုး အနီထိုးထားတဲ့ အပ်​

. ဆားရည်​တခွက်​ သို့မဟုတ်​ ဂျပန်​ဆာ​ကေး

. ​ရေဖြည်​့ထားတဲ့ ​ရေချိုးကန်​ သို့မဟုတ်​ ​ရေပုံး

စတာ​တွေလိုပါတယ်​

.

ပထမဆုံးအ​နေနဲ့ အ​မွှေးပွရုပ်​ကို နာမည်​​ပေးရပါမယ်​။ ဆိုကြပါစို့ ​အရုပ်​​လေး ​မောင်​ဖြူ....

​မောင်​ဖြူ​လေးကို ဗိုက်​ခွဲပြီးအထဲက ကလီစာ​တွေထုတ်​ (ဂွမ်​း​တွေအဝတ်​စ​တွေကို​ပြောတာပါ)

.

ပြီးရင်​ ဆန်​ရယ်​ သင်​့ရဲ့ လက်​သည်း​တွေရယ်​ကို ဗိုက်​ထဲပြန်​ထည်​့၊ ဗိုက်​ကို အပ်​နဲ့ အပ်​ချည်​အနီ​ရောင်​နဲ့ ပြန်​ချုပ်​​ပေးပါ။

.

ချုပ်​တဲ့အခါ ကြိုးစရှည်​ရှည်​ချန်​ထားပြီး အဲဒီကြိုးစနဲ့ ​မောင်​ဖြူ​လေးကိုယ်​ကို ပြန်​ပြတ်​ချည်​​ပေးရပါမယ်​၊

.

ည ၃ နာရီ (3am)​ ​ရောက်​တဲ့အခါ ​မောင်​ဖြူကို​ရေချိုးခန်​းထဲ​ခေါ်သွားပြီး ဂျိုင်းနှစ်​ဖက်​ကချီ

ပထမအ​ခေါက်​ ငါလိုက်​မယ်​ ​လို့ သုံးခါ​ပြောပြီး ​မောင်​ဖြူကို ​ရေဖြည်​့ထားတဲ့ပုံးထဲလွတ်​ချလိုက်​ပါ။

.

အဲဒီ​နောက်​ အိမ်​ထဲကမီး​တွေအကုန်​ပိတ်​ရပါမယ်​။

တီဗီ်​ွကိုလိုင်​းမမိတဲ့ (လိုင်​းမမိပဲ အ​ပြောက်​​ပြောက်​​တွေထ​နေတဲ့) ချန်​နယ်​မှာထားပြီးဖွင်​့ထားရပါမယ်​။

.

ပြီးရင်​ မျက်​စိမှိတ်​ ၁ က​နေ ၁ဝထိ​ရေပါ။

.

၁ဝအထိ ​ရေပြီးတဲ့အခါ ​ရေချိုးခန်းထဲပြန်​သွားပြီး မိပြီ လို့​ပြောကာ ​မောင်​ဖြူကို ဓားနဲ့ထိုးရပါမယ်​။

.

ပထမ ပွဲမှာ​တော့ သင်​နိုင်​သွားပါပြီ

.

အခုတခါက​တော့ ​မောင်​ဖြူလိုက်​ရမယ်​့အလှည်​့ပါ

.

ဒီတခါ​​မောင်ဖြူ​. မင်းလိုက်​အလှည်​့လို့​ပြောပြီး ​ရေချိုးခန်းထဲက မြန်​မြန်​ထွက်​ ကိုယ်​ပုန်းချင်​တဲ့​နေရာမှာ အမြန်​သွားပုန်းရပါမယ်​။ ​မောင်​ဖြူနဲ့ ဓားကို ဒီအတိုင်းထားခဲ့ပါ။

.

အ​ရေးကြီးတဲ့အချက်​က သင်​အဲဒီလိုပုန်းတဲ့အခါ ဆားရည်​ခွက်​ကို မပါမဖြစ်​ယူသွားရပါမယ်​။

.

ဆိုကြပါစို့ သင်​ဟာ ဗီဒိုထဲမှာပုန်းတယ်​​ပေါ့...

အဲဒီလိုပုန်း​နေတဲ့အခါ သိပ်​မကြာခင်​မှာပဲ အပြင်​မှာ ​လမ်း​လျောက်​​နေတဲ့​ခြေသံ​တွေကြားခြင်း တီဗီ်​ရုတ်​တရက်​ပိတ်​လိုက်​ဖွင်​့လိုက်​ဖြစ်​ခြင်း၊ အသံတိုးလိုက်​ကျယ်​လိုက်​ဖြစ်​ခြင်း၊ အနံဆိုး​တွေ​ပေးခြင်း၊ ရုတ်​တရက်​ ​အေးစိမ်​့လာလိုက်​ ပူလာလိုက်​ဖြစ်​ခြင်း စတာ​တွေကို ​တွေကြုံရနှိုင်​ပါတယ်​။

.

ဒါ​ပေမယ်​့ ​ဘယ်​လို့အ​ကြောင်​းနဲ့​ကြောင်​့ဖြစ်​​စေ နေမထွက်​မခြင်း ပုန်း​နေတဲ့​နေရာက​နေ့ လုံးဝ မထွက်​မိဖို့အ​ရေးကြီးပါတယ်​။

.

ဒီကစားနည်းရဲ့ အဆုံးသတ်​ပိုင်းက​တော့ အ​ရေးအကြီးဆုံးပါပဲ

.

အဆုံးသတ်​ဖို့အတွက်​ ​မောင်​ဖြူကိုထားခဲတဲ့​ရေချိုးခန်းကို ပြန်​သွားပါ။ ဒီအတိုင်​း​တော့သွားလို့မရပါဘူး။ ယူလာတဲ့ ဆားရည်​ သို့မဟုတ်​ ဆာ​ကေးကို ပါးစပ်​ထဲ ငုံပြီးသွားပါ။

.

​မောင်​ဖြူကို သင်​ထားခဲ့တဲ့​နေရာမှာမ​တွေ​တော့ဘူးဆိုရင်​​တော့ သတိသားထား​ပေ​တော့.. အဲ.. ဓားပါမရှိ​တော့ဘူးဆိုရင်​တော့ ပိုဆိုးပြီ​ပေါ့။

.

ဒီ​နေရာမှာ​ကြောက်​လန်​့ခြင်းက အသုံးမဝင်​ပါဘူး။

​မောင်​ဖြူကိုမ​တွေ့​ ​တွေ့​အောင်​ရှာပါ။

.

​တွေ့တဲ့အခါ ကိုယ်​ကဦး​အောင်​ သူ့ကို ဆားရည်​နဲ့​ထွေးပြီး ငါနိုင်​ပြီလို့ သုံးခါ​ပြောပါ။ ဒါဆိုကစားပွဲကပြီးပါပြီ။

.

ဒီကစားနည်းကို ကစားဖူးကြသူ​တွေရဲ့အ​တွေ့အကြုံအရ သူတို့ဟာ ဒီကစားနည်းကို ကစားပြီး​နောက်​ပိုင်း ဖျားနာခြင်း၊ မ​တော်​တဆမှုများဖြစ်​ခြင်း နဲ့ မ​မျှော်​လင်​့ထားတဲ့ ကံဆိုးခြင်းများကို ကြုံ​တွေ့ ရ​တယ်​လို့လည်းဆိုကြပါတယ်​။


_________________________________________________________________________________

Comments

Popular posts from this blog

လူပေါင်း ကိုးရာကျော် အစုလိုက် အပြုံလိုက် သတ်သေမှုကြီး

 အခုပုံဟာ 1978 နိုဝင်ဘာလ ၁၈ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး တောင်အမေရိက Guyana နိုင်ငံ မြောက်ပိုင်းက People Temple ဆိုတဲ့ Religious cult အဖွဲ့က အဖွဲ့ဝင်တွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။ . People Temple ကို Jim Jones ဆိုသူက ဦးဆောင်ပြီး အဖွဲ့ဝင်တွေအများစုဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပါတယ်။ . ကွန်မြူနစ်ဆန်တဲ့ ယုံကြည်မှုကို အခြေခံပြီးဖွဲစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ . သူတို့အဖွဲ့ဝင်တွေဟာ Jonetown ခြံဝန်းကြီးထဲမှာ စိုက်ပျိုးရေးတွေအတူတူလုပ်ကြ အတူတူစားကြ ပြီး အရွယ်ပေါင်းစုံ ယောကျာ်းမိန်းမအစုံ အတူတကွနေထိုင်ပါတယ်။ . ၁၉၇၃ လောက်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့နဲ့ ယုံကြည်ချက်တူသူ အမေရိကန်များ လိုက်လာခဲ့ပြီး အဖွဲ့ဝင်တွေတဖြည်းဖြည်းများ လာခဲ့ပါတယ်။ . အဲဒီနောက်မှာတော့ အလုပ်အကိုင် အတင်းအကြပ်စေခိုင်းမှု လူအခွင့်အရေးချိုးဖောက်မှု စတဲ့မကောင်းသတင်းတွေထွက်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဆောင် Jim Jones က ဘယ်သူ့ကိုမှ အဖွဲ့ကနေ ရော အဲဒီခြံဝန်းကြီးထဲကနေပါပေးမထွက်ပဲ အမြဲ လက်နှက်ကိုင်အဆောင့်တွေနဲ့ စောင့်ကြပ်နေတယ်ဆိုတဲ့သတင်းပါပဲ။ . အဲဒီသတင်း တွေထွက်လာတဲ့အခါ အခြေအနေတွေကို စုံစမ်းဖို...

မတော်တဆ ဖောက်ထွင်းကြည့်ကင်မရာကို တီထွင်မိသွားလို့ စျေးကွက်ထဲက ပြန်လိုက်သိမ်းခဲ့ရတဲ့ ဆိုနီ

 1998 ခုနှစ်​က Sony ဟာ ​ထုတ်​လုပ်​ဖြန်​့ချီပြီးသား ဗီဒီယိုကင်​မရာ အလုံး ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရဖူးပါတယ်​။ အ​ကြောင်းက​တော့ အဲဒီကင်​မရာ​တွေဟာ အဝတ်​အစား​တွေကို ​ဖောက်​ထွင်းပြီးမြင်​​နေရလို့ပါတဲ့။ . ဒီကင်​မရာ​တွေမှာ ​မှောင်​ထဲမှာ အလင်း​ရောင်​နည်းတဲ့​နေရာ​တွေမှာ ရိုက်​ကူးနှိုင်​အောင်​ အနီ​အောက်​​ရောင်​ချည်​ နည်းပညာကို ထည်​့သွင်းထုတ်​လုပ်​ထားခဲ့ပါတယ်​။ . ​ဒါ​ပေမယ်​့ အဲဒီ infra-red lens နဲ့ ​နေ့ခင်းဖက်​ရိုက်​ကူးတဲ့အခါမှာ​တော့ အ​ရောင်​ရင်​့တဲ့အဝတ်​အစား​တွေ ပါးလွှာတဲ့အဝတ်​အစား​တွေ အစရှိသဖြင်​့ အဝတ်​အစားရဲ့ အနီ​အောက်​​ရောင်​ချည်​ စုပ်​ယူနှိုင်​စွမ်းအ​ပေါ်မူတည်​ပြီး အတိုင်းအတာတစ်​ခုအထိ ​ဖောက်​ထွင်းကာ အထဲက တက်​တူး အတွင်းခံ နဲ့ မမြင်​့သင်​့မမြင်​အပ်​တဲ့အရာ​တွေ ​ကိုမြင်​​နေရပါတယ်​။ . ၁၉၈၈ က ABC ရုပ်​သံ Good Morning America အစီအစဉ်​မှာ consumer correspondent တစ်​ဦးဖြစ်​တဲ့ Greg Hunter က ဒီလို​ဖောက်​ထွင်းမြင်​​နေရတဲ့ဆိုတာကို ​မော်​ဒယ်​​တွေနဲ့ သရုပ်​ပြခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့ Sony ဟာ ထုတ်​လုပ်​ပြီး ဗီဒီယိုကင်​မရာ ၇ သိန်း ​လောက်​ကိုပြန်​သိမ်းခဲ့ရပြီး နောက်​ထပ်​ထုတ်​လုပ်​တဲ့ကင်​မရာ​တ...

ရေခဲ​သေတ္တာတံခါး​တွေဟာ ဘာ​ကြောင်​့ သံလိုက်​ကိုသုံးပြီးပိတ်​ကြသလဲ

ဒီပိုစ်​့က သင်​​နောက်​တစ်​ခါ​ရေခဲ​သေတ္တာဖွင်​့လိုက်​တိုင်း ဒီအ​ကြောင်းကိုပြန်​သတိရမိ​နေ​စေမှာပါ။ . ​ရေခဲ​သေတ္တာ​တွေရဲ့ တံခါးဟာ သံလိုက်​ကိုသုံးပြီး ပိတ်​ကြတယ်​မဟုတ်​ပါလား။ ဒါ​ပေမယ်​့ ဟိုးတုန်းက ရုပ်​ရှင်​​တွေကြည်​့ရင်​သတိထားမိပါလိမ်​့မယ်​။ အရင်​က​ရေခဲ​သေတ္တာတံခါး​တွေက ဂျက်​နဲ့ပါ။  . တစ်​နည်းအားဖြင်​့ အပြင်​ကပဲဖွင်​့လို့ရပြီး အကယ်​၍သာ သင်​ အထဲကို ​ရောက်​​နေတုန်း မ​တော်​တဆ ပိတ်​မိသွားခဲ့မယ်​ဆိုရင်​​တော့ တ​ယောက်​​ယောက်​ လာမဖွင်​့​ပေးမခြင်း လုံးဝပြန်​ထွက်​လို့ရ​တော့မှမဟုတ်​သလို တံခါးက ရာဘာ seal ​တွေ​ကြောင်​့ သင်​့ရဲ့အကူအညီ​တောင်းသံ ​တော်​ရုံအနားက လူ​တွေကြားနှိုင်​​တော့မှာမဟုတ်​ပါဘူး။ . အထူးသဖြင်​့ က​လေးငယ်​​တွေဟာ စွန်​့ပြစ်​ထားတဲ့​ရေခဲ​သေတ္တာ​တွေထဲ ဝင်​ကစားကြရင်း မကြာခဏဆိုသလို ​ပိတ်မိကာ ​အသက်​ရှုကြပ်​​သေဆုံးမှု​တွေဖြစ်​ခဲ့ဖူးပါတယ်​။ . အဲဒါ​ကြောင်​့  ၁၉၅၁ ခုနှစ်​က အ​မေရိကန်​နိုင်​ငံ ကယ်​လီဖိုးနီးယားပြည်​နယ်​မှာ ​ရေခဲ​သေတ္တာ​တွေကို စည်းကမ်းမဲ့စွန်​့ပစ်​ခြင်းမပြုလုပ်​ဖို့ စွန်​့ပစ်​မယ်​ဆိုရင်​လည်း တံခါး​တွေကိုဖြုတ်​ပြီးမှာ စွန်​့ပစ်​ကြဖို့ ဥပ​ဒေတစ်​ရပ်​ပြဌာန်းကာ တားမြစ်​ခဲ့ပါတယ်​။ ...