The Sphinx Sphinx ဟာ လူသားမိန်မဦးခေါင်း ခြင်္သေ့ကိုယ် သိမ်းငှက်အတောင်ပံ နဲ့ သတ္တဝါဖြစ်ပါတယ်။ Sphinx ကိုတော့ သူရဲကောင်း Oedipus နဲ့တွဲဖက်ပြီး အသိများပါတယ်။ ပုံပြင်ထဲမှာတော့ Oedipus ဟာ Thebes မြို့ကိုအသွာလမ်းမှာ Sphinx ကလမ်းမှာတားပြီး စကားထာ သုံးခုကိုမေးခဲ့ပါတယ်။မဖြေနိုင်ရင်လက်သည်းနဲ့ကုတ်သတ်မှာပါ။ အဲဒီထဲကတစ်ခုက မနက်မှာခြေလေးချောင်း နေ့လည်မှာခြေနှစ်ချောင်း ညမှာခြေသုံးချောင်း နဲ့သွားပြီး ခြေချောင်းများလေ အားနည်းလေ အဲဒါဘာလဲတဲ့။ အဖြေကိုသိကြလားဗျ။ သိရင်အောက်ကကောမန့်မှာ ရေးသွားဦးနော။ Odeipus ဟာအဖြေကိုမှန်ကန်အောင်ဖြေခဲ့တဲ့အတွက် Sphinx ဟာဂျောက်ထဲကိုခုန်ချ ပြီးသေသွားခဲ့ပါတယ်။ ________________________________________________________________________ The Cyclop ဂရိဒဏ္ဏာရီထဲက မျက်လုံးတစ်လုံးထဲရှိတဲ့ cyclop တွေဟာ ကမ္ဘာဦးသတ္တဝါကြီးများဖြစ်ပြီး ကမ္ဘာ/မြေကြီး နတ်သမီး Gaia ရဲ့သားများဖြစ်ပါတယ်။ အင်မတန်သန်မာပြီး ရက်စက်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ခွန်အားကြီးမားမှုကြောင့် တစ်နေ့မှာ ပုန်ကန်လာမှာကိုစိုးရိမ်ပြီး ဖခင် Uranus (Uranus ဟာ Gaia ရဲ့သားဖြစ်သလိုခင်ပွန်လည်းဖြစ်ပါတယ်။) ဟာ သူတို့ကို Tartarus ...
The Aversion Project
၁၉၇၁ ခုနစ်က တောင်အာဖရိကနိင်ငံ မှ Dr. Aubery Levin ဆိုသူဟာ Aversion Project ဆိုတဲ့စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
တောင်အာဖရိကစစ်တပ်ထဲမှ လိင်တူစိတ်ဝင်စားသူတွေကို လျှက်စစ်ရှော့တိုက်ခြင်း ဆေးထိုးခြင်း ခွဲစိတ်ကုသခြင်း အပြင် အခြားသော နည်းတွေနဲ့ လိင်တူစိတ်ဝင်စားတဲ့ စိတ်ကိုဖြောက်ဖို့ကုသခဲ့ကြတာပါ။
.
များသောအားဖြင့် အစမ်းသပ်ခံရတဲ့သူတွေဟာ ဆန္ဒမပါပဲ စစ်တပ်ထဲကို အတင်းဝင်ခိုင်းခံခဲ့ရသူတွေများပါတယ်။ သူတို့ကို Voortrekkerhoogte စစ်ဆေးရုံမှာ ရက်စက်တဲ့ နည်းပေါင်းများစွားနဲ့ စမ်းသပ်ခဲ့ပါတယ်။

Comments
Post a Comment