ဒီပိုစ့်က သင်နောက်တစ်ခါရေခဲသေတ္တာဖွင့်လိုက်တိုင်း ဒီအကြောင်းကိုပြန်သတိရမိနေစေမှာပါ။
.
ရေခဲသေတ္တာတွေရဲ့ တံခါးဟာ သံလိုက်ကိုသုံးပြီး ပိတ်ကြတယ်မဟုတ်ပါလား။
ဒါပေမယ့် ဟိုးတုန်းက ရုပ်ရှင်တွေကြည့်ရင်သတိထားမိပါလိမ့်မယ်။ အရင်ကရေခဲသေတ္တာတံခါးတွေက ဂျက်နဲ့ပါ။
.
တစ်နည်းအားဖြင့် အပြင်ကပဲဖွင့်လို့ရပြီး အကယ်၍သာ သင် အထဲကို ရောက်နေတုန်း မတော်တဆ ပိတ်မိသွားခဲ့မယ်ဆိုရင်တော့ တယောက်ယောက် လာမဖွင့်ပေးမခြင်း လုံးဝပြန်ထွက်လို့ရတော့မှမဟုတ်သလို တံခါးက ရာဘာ seal တွေကြောင့် သင့်ရဲ့အကူအညီတောင်းသံ တော်ရုံအနားက လူတွေကြားနှိုင်တော့မှာမဟုတ်ပါဘူး။
.
အထူးသဖြင့် ကလေးငယ်တွေဟာ စွန့်ပြစ်ထားတဲ့ရေခဲသေတ္တာတွေထဲ ဝင်ကစားကြရင်း မကြာခဏဆိုသလို ပိတ်မိကာ အသက်ရှုကြပ်သေဆုံးမှုတွေဖြစ်ခဲ့ဖူးပါတယ်။
.
အဲဒါကြောင့် ၁၉၅၁ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရေခဲသေတ္တာတွေကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုလုပ်ဖို့ စွန့်ပစ်မယ်ဆိုရင်လည်း တံခါးတွေကိုဖြုတ်ပြီးမှာ စွန့်ပစ်ကြဖို့ ဥပဒေတစ်ရပ်ပြဌာန်းကာ တားမြစ်ခဲ့ပါတယ်။
.
ဒါပေမယ့် ရေခဲသေတ္တာတွေထဲမှာ ကလေးငယ်တွေပိတ်မိပြီးသေဆုံးမှုတွေ မလျော့ကျခဲ့တာကြောင့် ၁၉၅၆ ခုနစ်မှာ ရေခဲ့သေတ္တာအန္တရာယ်ကင်းစင်ရေး အက်ဥပဒေကို ပြထမ်းခဲ့ပြီး ရေခဲသေတ္တာတွေရဲ့တံခါးဟာ အထဲကပါ အလွယ်တကူ ဖွင့်နှိုင်ရမယ်လို့ သတ်မှတ်ခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး ကလေးငယ်တွေ ရေခဲသေတ္တာထဲပိုက်မိတဲ့အခါ တုန့်ပြန်ပုံကိုလည်း လက်တွေ့စမ်းသပ်ခဲ့ပါသေးတယ်။
_________________________________________________________________

Comments
Post a Comment