ကခုန်ခြင်းက လူတွေကိုသေစေလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ
၁၅၁၈ ခုနှစ်က ဂျာမနီ ပြင်သစ် နယ်စပ်က Strasbourg ဆိုတဲ့မြို့လေးမှာ လူပေါင်းများစွာစုပေါင်းကခုန်ရင်း သေပွဲဝင်ခဲ့ရတဲ့ အြဖစ်အပျက်တစ်ခြုဖစ်ပွားခဲ့ပါတယ်။
ဘာအထိမ်းအမှတ်ပွဲတော်မှ မယ်မယ်ရရမရှိပါပဲ သေလောက်အောင် လူတွေဘာကြောင့် ကခုန်ခဲ့ရလဲဆိုတာတော့ ယနေတိုင် ဘယ်သူမှတိတိကျကျအဖြေမပေးနိုင်တဲ့ ပုစ္ဆာ တစ်ခုဖြစ်လို့နေပါသေးတယ်..
တချို့မှတ်တမ်းတွေမှာတော့ Strasbourg ရဲ့ လမ်းမတစ်နေရာမှာ အမျိုးသမီးတစ်ဦး စတင် ကခုန်ရာက လူတွေပူးပေါင်းလာပြီး ကပွဲကြီးတစ်ခုဖြစ်လာတာလို့ဆိုပါတယ်။
ကပွဲကြီးဟာ လနဲ့ချီကြာမြင့်ခဲ့ပြီးလူအယောက်လေးရာကျော်လောက်ပါဝင်ကခုန်ခဲ့ကြပါတယ်။
အြပင်းအထန်ကခုန်ကြကာ နောက်ဆုံးမှာ ပါဝင်ကခုန်ကြသူအများစုဟာ အမောဖောက်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်း၊ လူအနင်းခံရခြင်းစတာတွေနဲ့သေဆုံးခဲ့ကြပါတယ်။
ဒါပေမယ့်လဲ ဘာကြောင့်လူတွေ ဒီလောက်အထိသေလောက်အောင် ကခုန်ခဲ့ကြသလဲဆိုတာကတော့ ယနေ့တိုင်ဖြေရှင်းမရသေးတဲ့ ပုစ္ဆာ တစ်ခုဖြစ်လို့နေပါတော့တယ်........




Comments
Post a Comment