ကမ္ဘာမြေပေါ်မှာဆိုရင်တော့ သင့်ကိုဘယ်အချိန် အပေါ့သွားရမယ်ဆိုတာကို သင့်ရဲ့ဆီးအိမ်က အချက်ပေးပါတယ်။ ဆီးအိမ်ထဲကို ဆီးတွေရောက်လာတဲ့အခါ ဆီးအိမ်အောက်ခြေမှာ အလေးချိန်ကြောင့် ဖိအားဖြစ်လာပါတယ်။ အဲဒီကတဆင့် ဆီးသွားချင်တဲ့ ခံစားမှုဖြစ်ပေါ်စေပြီး သင့်ကိုအချက်ပေးပါတယ်။ ဒါပေမယ့် ဆွဲငင်အားမဲ့တဲ့ zero G အာကာသထဲမှာတော့ သင့်ရဲ့ဆီးဟာ အလေးချိန်မရှိတဲ့အတွက် သင့်ကိုဒီလို အချက်ပေးနိုင်မှာမဟုတ်ပါဘူး။ အာကာသထဲမှာဆိုရင် သင့်ရဲ့ဆီးအိမ်တစ်ခုလုံး လုံးဝပြည့်သွားတဲ့ max capacity ကိုရောက်မှသာ သင်ဟာ ရုတ်တရက် ဆီးသွားချင်တဲ့ ခံစားချက်ဖြစ်လာမှာပါ။
၁၉၆၂ ခုနှစ်က အမေရိကန်မာကာသယာဉ်မှူး John Glenn ဟာ အာကာသထဲက ကမ္ဘာကိုပတ်နေစဉ်အတွင်း ဆီး ၂၅ အောင်စ ကို ရုတ်တရက် ပေါက်ခဲ့ပါတယ်။ သူကတော့အဲဒီအချိန်က ဆီးသွားဖို့ ကြို ပြီး အိတ်စွပ်ထားနိုင်ခဲ့တဲ့အတွက် ဘာမှတော့မဖြစ်ခဲ့ပါဘူး။ သူ့မတိုင်ခင် က အမေရိကန်ရဲ့ပထမဆုံး အာကာသယာဉ်မှူး Alan Shepard ကတော့ ဆီးမထိန်းနိုင်ပဲ သူ့ရဲအာကာသ ဝတ်စုံထဲမှာပေါက်ချမိတဲ့အတွက် ဝတ်စုံကနှလုံးခုန်နုန်း တိုင်းတဲ့ စက်ထဲဝင်ပြီး ရှော့ဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် International Space Station မှ အာကာသယာဉ်မှုးတွေကတော့ အဲဒီပြသနာ မဖြစ်အောင် Diaper ဝတ်ဆင်ရပါတယ်။ သူတို့ဟာ ဒိုင်ပါတွေထဲမှာပဲ ဆီးသွားပြီး အဲဒီဆီးတွေကို ပြန်စုကာ ရေအဖြစ်ပြန်လည်သန့်စင်ပြီး သောက်သုံးကြပါတယ်။ Yum..။


Comments
Post a Comment